သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွာသားတချို့ မြန်မာဘက်က ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် ရနောင်းဒေသအနီး နှစ်နိုင်ငံနယ်နိမိတ် အသေအချာ သတ်မှတ်ထားခြင်း မရှိ တဲ့ နေရာအနီးမှာ ထိုင်းနိုင်ငံသား ၇၅ ယောက်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားတယ်လို့ ထိုင်း ဒု ဝန်ကြီးချုပ်က ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ရနောင်းခရိုင်၊ Kra Buri ဒေသအတွင်းက ကျေးရွာတခုကို မြန်မာစစ်တပ်က ဝင်စီးပြီး ရွာသားတွေကို ဖမ်းသွားခဲ့တာလို့ ဒုဝန်ကြီးချုပ် Yutthasak Sasiprapa က သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောကြားလိုက်တာပါ။

ဒီကိစ္စကို အမြန်ဆုံး ပြေလည်အောင် အဲဒီ ဒေသက ထိုင်းစစ်တပ်အရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေဟာ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါ တယ်။

ထိုင်းကျေးရွာသားတွေဟာ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ပြီး ရာဘာစိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်နေပုံရတယ်လို့ ဒုဝန်ကြီးချုပ် Yutthasak က ထည့်သွင်း ပြောဆိုသွားပြီး ထိုင်းရွာ သားတွေ မြန်မာနိုင်ငံထဲ ဝင်ခွင့်မပြုဖို့ ထိုင်းစစ်တပ်ကို အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

အခုချိန်ထိတော့ ဖမ်းခံထားရတဲ့ ရွာသားတွေဟာ ဘေးမသီ ရန်မခဘဲ ကောင်းကောင်းမွန်မွန် ရှိနေကြတယ်လို့ Kra Buri ဒေသအကြီးအကဲက ပြောပါတယ်။

Ban Inthaninkwan ကျေးရွာကို မြန်မာစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ဝိုင်းပြီးတော့ ရွာသားတွေကို ဖမ်းဆီးခဲ့ တယ်လို့ ထိုင်းစစ်တပ် တပ်မဟာ ၄ က အရပ်ဖက် ဆက်ဆံရေးအရာရှိ ဗိုလ်ကြီး Suchart Buapradap က မနေ့က ပြောခဲ့တဲ့အကြောင်း ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာလည်း ဖော်ပြထား တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG