သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး ထောက်ခံအားပေးမည်ဟု အမေရိကန်သံအမတ်ကြီး အာမခံ

မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံရေးမူကို ဆက်လက်ကျင့်သုံးပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို ထောက်ခံအားပေးသွားမှာ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က မြန်မာပြည်သူတွေကို Facebook ကတဆင့် ဗွီဒီယို မိန့်ခွန်းနဲ့ နှုတ်ခွန်းဆက်ရင်း အာမခံပြောကြားလိုက်ပါတယ်။

၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခွင့်ရခဲ့တဲ့သူ တယောက်ဖြစ် သလို၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို နှစ်ပေါင်းများစွာ မျက်မြင် တွေ့ခဲ့ရသူတယောက်အဖြစ် မြန် မာပြည်သူတွေကို Derek Mitchell က နှုတ်ခွန်းဆက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရာစုနှစ် ၂ ခု လက်ခံကျင့်သုံးခဲ့တဲ့ မတူကွဲပြားတဲ့ လူမျိုးတွေဆီကနေ အင်အားကို ရယူဖို့လည်း သံအမတ်ကြီး Derek Mitchell က ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံ ရှေ့ဆက်လျှောက်လှမ်း ရမယ့်လမ်းဟာ မလွယ်ကူတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ လက်တွဲဖြတ်ကျော် သွားမယ့်အကြောင်း သံအမတ်ကြီး Derek Mitchell က ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် Mr. Derek Mitchell ကို ခန့်အပ် လိုက်သလိုပဲ မြန်မာနိုင်ငံဘက် ကလည်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီးအဖြစ် ဦးသန်းဆွေ ကို ခန့်အပ်မယ့်အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မေလအတွင်း ဝါရှင်တန်မြို့တော် ကို ရောက်ခဲ့ရတဲ့အချိန်မှာ ပြောဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG