သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို လက်နက်မရောင်းဖို့ ရုရှားကတိပေး


ဆီးရီးယားနိုင်ငံမှာ အခြေအနေတွေ အေးအေးဆေးဆေး ဖြစ်မသွားမခြင်း ရုရှားနိုင်ငံက ဆီးရီးယားကို လက်နက်ရောင်းချမှု မပြုလုပ်တော့ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးတဦးက ပြော ဆိုပါတယ်။

ရုရှားတပ်မတော် နည်းပညာပူးပေါင်းဆောင်ရွက်ရေးနဲ့ တပ်မတော် ဒုတိယအကြီးအကဲ Vyacheslav Dzirkaln က တနင်္လာနေ့မှာ အခုလိုပြောလိုက်တာပါ။

အမေရိကန်နိုင်ငံနဲ့ တခြားနိုင်ငံတွေက မော်စကိုအနေနဲ့ အတိုက်အခံတွေအပေါ် ဖြိုခွဲနေတဲ့ ဆီးရီးယား အစိုးရကို လက်နက်မရောင်းချဖို့ တွန်းအားပေးပြောဆိုနေခဲ့တာပါ။

လတ်တလောဆီးရီးယားနိုင်ငံကိုရောက်နေတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးသံတမန် မစ္စတာကိုဖီအာနန်ဟာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ်နဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပြီး ဆွေးနွေးမှုဟာ အပြု သဘောဆောင်တယ်လို့ မစ္စတာအာနန်က ပြောပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်သွားအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ မစ္စတာ အာနန်က ပြောပါတယ်။ သူ့အနေနဲ့ ဆွေးနွေးခဲ့တဲ့ အချက်တွေကို ဆီးရီးယားအတိုက်အခံတွေနဲ့ တွေ့တဲ့ အခါ ပြန်ပြီးတော့ ပြောပြ ဖလှယ်မယ်လို့လည်း ပြောပါတယ်။

မစ္စတာအာနန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ပဋိပက္ခတွေ အဆုံးသပ်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးအစီအစဉ် တခုကို ရေးဆွဲခဲ့ပြီး လအတန်ကြာအကောင်အထည်ဖေါ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံတွေနဲ့ အစိုးရ တို့ကြား တိုက်ရိုက် ဆွေနွေးညှိနှိုင်းဖို့ နိုင်ငံတကာဘက်က အားထုတ်ခဲ့မှုဟာ မအောင်မြင်ခဲ့ဘူးလို့ ထုတ်ဖော် ဝန်ခံပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG