သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်စနစ် စော်ကားသူ လွတ်ငြိမ်းခွင့်ရ

ထိုင်းဘုရင်ကို စော်ကားမှုနဲ့ ထောင်ဒဏ်လပေါင်း ၃၀ ချခံရတဲ့ အမေရိကန်တယောက်ကို ဘုရင်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ပိတ်ပင်ထားတဲ့ ဘုရင် ဘူမီဘောလ် အဒူရာဒက် Bhumibol Adulyadej ရဲ့ ကိုယ်ရေးရာဇဝင် တချို့ကို ဘာသာပြန်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ December လတုန်းက Joe Gordon ပြစ်ဒဏ်ချခံခဲ့ရတာပါ၊ Gordon ဘာကြောင့်ပြန်လွတ်လာသလဲဆိုတာကို သူမသိပေမဲ့ လွတ်တဲ့သတင်းကြောင့် ဝမ်းသာတယ်လို့ အမေရိကန် သံရုံး ပြောခွင့်ရသူ Walter Braunohler က VOA ကိုပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေအရ ဘုရင်ကို စော်ကားပြောဆို ရေး သားကြောင်း အပြစ်ရှိသူအနေနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိကျခံရနိုင်ပါတယ်။

This item is part of
XS
SM
MD
LG