အခုတပတ် အနုပညာမိုးကောင်းကင်မှာ အွန်လိုင်းကာတွန်း တင်ဆက်မှုတွေအကြောင်း နားဆင်ရမှာပါ။ မြန်မာနိုင်ငံမှာ အင်တာနက်ကို အသုံးပြုပြီး အနုပညာ ဖန်တီးမှုတွေ ရှိလာတဲ့အထဲမှာ ကာတွန်းသမားတွေလည်း ပါဝင်လာနေပါတယ်။ လူငယ်ကာတွန်းသမားတွေ အင်တာနက်မှာ စုစည်းပြီး ဖန်တီးမှုတွေ၊ သတင်းအချက် အလက် ဖလှယ်တာတွေလည်း လုပ်လာနေပါပြီ။ မြန်မာ့ကာတွန်းလောက ထွန်းကားရေး အလားအလာ တချို့မြင်ရတယ်ဆိုပေမဲ့လည်း နိုင်ငံတကာနဲ့ချိတ်ဆက် လုပ်ကိုင်ဖို့က အလှမ်းဝေးနေတုန်းပဲလို့ ကာတွန်း အော်ပီကျယ်က ပြောပါတယ်။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။
အင်တာနက်နဲ့ မြန်မာ့ကာတွန်းလောက
- Kyaw Lwin
