သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပနဲ့အမေရိကန် စီးပွားရေးအကျပ်အတည်း အာရှကိုထိခိုက်နေ


တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှေးကွေးကျဆင်းနေတာကြောင့်လည်း အာရှဒေသတွင်း စီးပွားဖွံ့ဖြိုးမှု တိုးတက်အောင် ကြိုးပမ်းတဲ့နေရာမှာ အခက်အခဲတွေ ကြုံခဲ့ရတယ်လို့လည်း အစီရင်ခံစာ က ထောက်ပြပါတယ်။

ဒါတွေကြောင့် ဒေသအတွင်း ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ နိမ့်ကျနေအုံးမှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းပါတယ်။

ဥရောပတိုက်မှာ ဖြစ်ပွားနေတဲ့ ငွေကြေးဆိုင်ရာပြဿနာတွေနဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း စီးပွားရေး ပြန်လည် နလံထလာမှု နှေးကွေး နေတဲ့ဖြစ်ရပ်တွေကြောင့် အာရှဒေသတွင်း နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်နေတယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ဖြစ်ပွားနေတဲ့ အခက်အခဲတွေကြောင့် အာရှတိုက်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ဖြတ်တောက်မှုတွေ ရှိခဲ့တဲ့အတွက် အာရှရဲ့ အခုနှစ် ပထမနှစ်ဝက် ဖွံ့ဖြိုးတိုးတက် မှုနှေးကွေးသွားကြောင်း ADB အဖွဲ့က ကြာသာပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဝယ်လိုအားတွေကျဆင်းသွားတာကြောင့် ကမ္ဘာအနှံ့မှာ အစားအသောက်နဲ့ လောင်စာဆီဈေးနှုန်းတွေ ကျဆင်းသွားနိုင်ပြီး ငွေဖောင်းပွမှုဖြစ်စေနိုင်တဲ့ အခြေအနေမျိုးက ကင်းဝေးနိုင်ကြောင်းလည်း အစီရင်ခံ စာမှာ ဖေါ်ပြထားပါတယ်ခင်ဗျား။

XS
SM
MD
LG