သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဖွဲ့စည်းပုံ ပြင်ဆင်ရေး


ထိုင်းနိုင်ငံမှာ အစိုးရအနေနဲ့ နိုင်ငံရဲ့အုပ်ချုပ်ပုံအခြေခံဥပဒေကို တရားဝင်ပြောင်းလဲ ပြင်ဆင်ပိုင်ခွင့် ရှိရမယ် ဆိုတဲ့ အချက်အပေါ် အတိုက်အခံဘက်က ခုခံ ချေပချက် တင်သွင်းထားမှုကို ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ပယ်ချလိုက်ပါတယ်။

ဒီပြောင်းလဲတဲ့အချက်က ဘုရင်စနစ်ကို ထိခိုက်စေခြင်းမရှိဘူးလို့ ထိုင်းတရားရုံးက သောကြာနေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ပြောင်းလဲမှုတစုံတရာ ပြုလုပ်မယ်ဆိုရင် ပြည်သူလူထုထံက လူထုဆန္ဒသဘောထား ကောက်ယူရလိမ့်မယ်လို့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချပစ်ခဲ့တဲ့ စစ်အာဏာသိမ်းအဖွဲ့က ရေးဆွဲထားခဲ့တာဖြစ်ပါတယ်။

မစ္စတာသက်ဆင်ရဲ့ ညီမတော်သူ ဝန်ကြီးချုပ်ယင်းလပ်ရှင်နာဝပ် ဦးဆောင်တဲ့ လက်ရှိအစိုးရက ထိုင်းနိုင်ငံ မှာ ဒီမိုကရေစီ ပိုမို ပြည့်ဝစေဖို့အတွက် အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုပြီး ပြောဆို ထားပါတယ်။

ဒါပေမယ့် ဒီလိုပြင်ဆင်ပြောင်းလဲမှု ပြုလုပ်တဲ့အတွက် တိုင်းပြည်ရဲ့ရှင်ဘုရင် အခန်းကဏ္ဍကို ခြိမ်းခြောက် မှုဖြစ်စေသလို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် အပစ်ပေးခံထားရပြီး တိုင်းပြည်ကနေ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ပစ်ဒဏ်အပေးမခံရဘဲ တိုင်းပြည်ကို လွတ်လွတ်လပ်လပ် ပြန်လာနိုင်အောင် ခွင့်ပြုပေးလိုက်တာပဲ ဖြစ်လိမ့်မယ်လို့ အတိုက်အခံ ဒီမိုကရက် ပါတီကတော့ ပြောပါတယ် ခင်ဗျား။

XS
SM
MD
LG