အခုတပတ် အနုပညာ မိုးကောင်းကင်မှာတော့ မြန်မာပြည်မှာ တွင်တွင်ကျယ်ကျယ် မရှိသေးတဲ့ Performance အနုပညာ တင်ဆက်မှုအကြောင်း နားဆင်ရမှာပါ။ Performance အနုပညာဆိုတာ အနုပညာရှင် ကိုယ်တိုင်က ပရိတ်သတ်တွေရဲ့ ရှေ့မှာ သရုပ်ပြတင်ဆက်တဲ့ အနုပညာပါ။ ဒီအနုပညာနဲ့ ပတ်သက်လို့ မြန်မာလို အသုံးအနှုန်း တောင် ခိုင်ခိုင်မာမာ မရှိသေးပါဘူး။ မြန်မာပြည်သူတွေ အတွင်းမှာလည်း ကျယ်ကျယ် ပြန့်ပြန့် မသိကြသေးပါ ဘူး။ ဒါပေမဲ့လည်း မြန်မာပြည်က Performance အနုပညာရှင်တွေကတော့ နိုင်ငံတကာပွဲတွေမှာ ပါဝင်ပြသနေ ကြပါ ပြီ။ အခုထက်ပိုပြီး ပြည်တွင်းပြည်ပမှာ ဒီ Performance အနုပညာတွေ ဖန်တီးနိုင်အောင် ကြိုးစား နေကြ သူတွေလည်း ရှိလာနေပါပြီ။ ရန်ကုန်အခြေစိုက် New Zero အနုပညာအဖွဲ့ရဲ့ ခေါင်းဆောင် “ပန်းချီအေးကို” ကို ဆက်သွယ်မေးမြန်းပြီး ကိုကျော်အောင်လွင်က တင်ဆက်ထားပါတယ်။
မြန်မာ ပါဖေါင်းမင့်အနုပညာရှင် တွေ ပြည်ပကိုသာ အာရုံစိုက်
- Ma Nyo
