အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ ဧရာဝတီမြစ် တိမ်ကောမယ့်အရေးကို ကယ်တင်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာအနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတချို့ကို နားဆင်ရမှာပါ။ ပန်းချီဆရာ စိုးဝင်းငြိမ်း အပါအ၀င် ဓါတ်ပုံဆရာနဲ့ စာရေးဆရာတချို့ ပူးပေါင်းပြီး ဧရာဝတီမြစ်အတွင်း လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။ ဒီဓါတ်ပုံတွေကို စာအုပ်အဖြစ် မကြာခင်မှာ ထုတ်ဝေဖြန့်ချိ ပါတော့မယ်။ ပန်းချီစိုးဝင်းငြိမ်းနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Save the Irrawaddy ဧရာဝတီကို ကယ်တင်ကြပါ ဆိုတဲ့ခေါင်းစဉ်နဲ့ ဓါတ်ပုံပြပွဲတခု ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါသေးတယ်။ အခုလိုဖန် တီးတင်ဆက်နေကြတဲ့ အနုပညာရှင်တွေရဲ့ အားထုတ်မှုတွေက ဘယ်လောက် ထိရောက်မှုတွေ ရှိနေသလဲ ဆိုတာကို သိနိုင်ဖို့ ပန်းချီစိုးဝင်းငြိမ်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဧရာဝတီမြစ်ကယ်တင်ရေး အနုပညာရှင်များကြိုးပမ်း
- Kyaw Lwin
