သုံးရလွယ်ကူစေသည့် Link များ

မြန်မာခေတ်ပေါ်ကဗျာထွန်းကားမှု


မြန်မာခေတ်ပေါ်ကဗျာထွန်းကားမှု
မြန်မာခေတ်ပေါ်ကဗျာထွန်းကားမှု

အခုတပတ် အနုပညာ မိုးကောင်းကင်မှာတော့ ခေတ်ပေါ်ကဗျာဆရာ ခင်အောင်အေးနဲ့ အမေးအဖြေကို နားဆင်ရမှာပါ။ ကဗျာဆရာ ခင်အောင်အေးဟာ အခု ဥရောပနိုင်ငံတွေကို ခရီးထွက်နေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက လန်ဒန်မြို့ မှာ မြန်မာကဗျာရွတ်ဆိုပွဲ တခုကို ကျင်းပခဲ့ပြီး အဲဒီပွဲမှာ ကိုခင်အောင်အေးနဲ့ အတူ လန်ဒန်အခြေစိုက် မြန်မာကဗျာသမား တချို့လည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ မြန်မာ ခေတ်ပေါ်ကဗျာတွေကို ဗြိတိန်ကဗျာသမားတဦးက အင်္ဂလိပ်လိုဘာသာပြန်ပြီး နိုင်ငံတကာ စာအုပ်လောကမှာ ထုတ်ဝေသွားဖို့လည်း ပြင်ဆင်နေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင်သိနိုင်ဖို့ လောလောဆယ် ပြင်သစ်နိုင်ငံမှာ ရောက်နေတဲ့ ကိုခင်အောင်အေးကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG