သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအကြောင်းရုပ်ရှင် ကနေဒါမှာ ပြသ

်ဒေါ်အောင်ဆန်းစုကြည်နေရာမှာ သရုပ်ဆောင်သူ မီရှဲလ်ယိုး Michelle Yeoh က ကနေဒါနိုင်ငံ၊ တိုရွမ်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပရိတ်သတ်နဲ့အတူ။ ၂၀၁၁ ခု၊ စက်တင်ဘာလ ၁၂ ရက်။
်ဒေါ်အောင်ဆန်းစုကြည်နေရာမှာ သရုပ်ဆောင်သူ မီရှဲလ်ယိုး Michelle Yeoh က ကနေဒါနိုင်ငံ၊ တိုရွမ်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပရိတ်သတ်နဲ့အတူ။ ၂၀၁၁ ခု၊ စက်တင်ဘာလ ၁၂ ရက်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက် တနင်္လာနေ့က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။

The Lady လို့ အမည်ပေးထားတဲ့ အဲဒီဇာတ်ကားကို နာမည်ကျော် ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားတာပါ။ မကျန်းမမာဖြစ်နေတဲ့ မိခင်ကြီးကိုပြုစုဖို့ ၁၉၈၈ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီးတဲ့နောက်ပိုင်း သူ့ရဲ့ခင်ပွန်းဖြစ်သူ Michael Aris နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေးအပေါ် ဒီရုပ်ရှင်ဇာတ်လမ်းကို အဓိက ဇာတ်အိမ် တည်ထားတာပါ။

ဒေါက်တာ မိုက်ကယ်လ် အဲရစ်စ်ဟာ ဇနီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်တွေ့ခွင့်မရခဲ့ဘဲ ၁၉၉၉ ခုနှစ်မှာ ဆီးကျိတ်ကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG