Afghanistan နိုင်ငံ ကဘူးမြို့တော်မှာ နေတိုး (မြောက်အတ္တလန်တိတ်
စစ်စာချုပ်အဖွဲ့) ရုံးချုပ်၊ အမေရိကန်သံရုံးနဲ့ အာဖဂန်ရဲဌာနတို့ကို
အသေခံဗုံးခွဲတဲ့ အင်္ကျီတွေ ဝတ်ဆင်ထားတဲ့ တာလီဘန်တွေ၊
အာပီဂျီ RPG လောင်ချာကို ဆောင်ထားတဲ့ တာလီဘန်တွေက တိုက်ခိုက်ခဲ့ပါတယ်။ လူ
အနည်းဆုံး (၇) ဦး သေဆုံးသွားရပါတယ်။ ကဗူးမြို့တော်နားက
သံတမန် ရပ်ကွက်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက
ကြိုးစားလုပ်ဆောင်နေကြချိန်မှာပဲ သေနက်သံတွေ ဗုံးကွဲသံတွေလည်း
အင်္ဂါနေ့ည အထိ ကြားနေရဆဲပါ။ ကဘူးမြို့တော်က အက်ဗ်ဒူဟပ် ဆောက်လုပ်ဆဲ
အထပ်မြင့်အဆောက်အဦးကို တာလီဘန် ၄ ဦးမက ထိန်းချုပ်လိုက်ပြီးတော့
အဲဒီကနေ နေတိုးရုံးချုပ်နဲ့ အမေရိကန်သံရုံးဆီ ပစ်ခတ်ခဲ့တယ်လို့ အာဖဂန်ရဲက
ပြောပါတယ်။
ကဘူးမြို့အနောက်ပိုင်းက ရဲဌာနတွေကိုလည်း အသေခံဗုံးခွဲတိုက်ခိုက်မှု
နှစ်ခု ပြုလုပ်ခဲ့ပါတယ်။ နေတိုးနဲ့ အမေရိကန်သံဝန်ထမ်းတွေ
ထိခိုက်မှုမရှိဘူးလို့ အာဖဂန်ရဲက ပြောပါတယ်။ ရဲအရာရှိလေးဦးနဲ့
အရပ်သား ၃ ဦးမက သေဆုံးခဲ့ရပြီးတော့၊ လူ ၁၉ ဦးကို ဆေးရုံတင်ထားရပါတယ်။
တိုက်ခိုက်သူ (၃) ဦးမကလည်း သေဆုံးသွားရပြီ ဖြစ်ပါတယ်။
အမေရိကန်သံရုံးနဲ့ နေတိုးဌာနချုပ် တာလီဘန်တိုက်ခိုက်
