သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားချက်ချင်းပြုပြင်ဖို့ အာရပ်အဖွဲ့ချုပ်တောင်းဆို


ဆီးရီးယားချက်ချင်းပြုပြင်ဖို့ အာရပ်အဖွဲ့ချုပ်တောင်းဆို

ဆီးရီးယားသမ္မတ Bashar al-Assad အနေနဲ့ အတိုက်အခံ အင်အားစုတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်နေတာတွေ ချက်ချင်း ရပ်တန့်ပြီး ဘက်ပေါင်းစုံ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ဖို့ အာရပ်အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဒမတ်စကဒ်မြို့မှာ သွားရောက်ဆွေးနွေးစဉ်က ရရှိခဲ့တဲ့ သဘောတူညီတွေအတိုင်း ဆီးရီးယား အစိုးရအနေနဲ့ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တွေ့ဆုံဆွေးနွေးနေကြတဲ့ အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေက အင်္ဂါနေ့မှာ တောင်းဆိုလိုက်တာပါ။

လက်ရှိအခြေနေတွေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီး ဆီးရီးယားအစိုးရအနေနဲ့ သူ့အဆိုအရ လူသတ်စက်လို လုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့ စည်းဝေးပွဲကို သဘာပတိအဖြစ် ဦးဆောင်ကျင်းပနေတဲ့ ကာတာနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေက Alawites နဲ့ ဆူနီး တွေအကြား လူမျိုးရေးအပေါ် အခြေခံတဲ့ ပြည်တွင်းဖြစ်တဲ့အထိ ကြီးထွားလာမှာကို သူစိုးရိမ်တဲ့အကြောင်း တူရကီဝန်ကြီးချုပ်က အီဂျစ်သတင်းစာတစောင်ကို အင်္ဂါနေ့မှာပဲ ပြောခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံကို လက်ရှိအုပ်ချုပ်နေသူတွေဟာ ရှိယိုက် အစ္စလာမ်ဘာသာက ခွဲထွက်လာတဲ့ လူနဲစု Alwite အမျိုးနွယ်ဝင်တွေဖြစ်ပြီး ဆီးရီးယားနိုင်ငံသား အများစုကတော့ ဆူနီး မူဆလင်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG