အခုတပတ် အနုပညာ မိုးကောင်းကင်မှာတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ အခြေအနေတွေကို နားဆင်ရမှာပါ။ မြန်မာနိုင်ငံမှာ အခုတလော နိုင်ငံတကာရုပ်ရှင်ပွဲတော်တချို့နဲ့ မှတ်တမ်းတင်ရုပ်ရှင်၊ ရုပ်ရှင်ဇတ်လမ်းတိုပြိုင်ပွဲ စတာတွေ ရှိလာနေပါတယ်။ ဒါပေမဲ့လည်း မြန်မာ့ရုပ်ရှင်လောကရဲ့ တကယ့်အခြေအနေမှာတော့ ဟာသ ဇာတ်လမ်းမှ မရိုက်ရင် စီးပွါးရေးအရ မအောင်မြင်နိုင်ဘူးလို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော်က ပြောပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာ ဖန်တီးမှုတွေကလည်း ကျဆင်းနေသလို အားပေးတဲ့ပရိတ်သတ်ကလည်း ရယ်ရရင်ပြီးရော ဆိုတဲ့ပရိတ်သတ်မျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကိုကျော်အောင်လွင်က ဒါရိုက်တာချိုတူးဇော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဟာသ မရိုက်ရင် မြန်မာ့ရုပ်ရှင် မအောင်မြင်
- Ma Nyo
