သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီယာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နိုင်ငံတကာ ရှုတ်ချ


ဆိုမာလီယာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နိုင်ငံတကာ ရှုတ်ချ
ဆိုမာလီယာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နိုင်ငံတကာ ရှုတ်ချ

ဆိုမားလီယားနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တော်မှာ အစိုးရခြံဝန်းတခုကို ထရပ်ကားပေါ် ဗုံးတင်လာပြီး ဖောက်ခွဲတာကြောင့် လူအနည်းဆုံး ၇၀ သေဆုံးပြီးတော့ လူပေါင်းများစွာ ဒဏ်ရာရသွားတာနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝန်းကအမျက်ဒေါသထွက်ရကြောင်း ပြောပါတယ်။

သူတို့အဖို့ ဒီလောက်ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အံ့သြတုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကဆိုပါတယ်။ ဒီလိုအပြစ်မဲ့ ပြည်သူတွေကို အဓိပါယ်မဲ့ ပစ်မှတ်ထားတဲ့ ကိစ္စကို ဘယ်လိုမှ နားမလည်နိုင်ဘူးလို့ သူကပြောပါတယ်။

ဆိုမာလီယာနိုင်ငံရေးခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး အနာဂတ်တည်ဆောက်နိုင်ရေးအတွက် အတူတကွ လုပ်ကိုင်နေကြပါတယ်လို့လည်း ပြောသွားပါတယ်။ အယ်ချာဘတ်သူပုန်အဖွဲ့ ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာပါလို့ ပြောပါတယ်။ ဆိုမားလီးယားရဲ့ TFG အသွင် ကူးပြောင်း ရေး ပြည်ထောင်စုအစိုးရနဲ့ TFG အစိုးရကို အထောက်အကူပေးနေတဲ့ အာဖရိက သမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ဆောင်သူတွေကို ဦးတည်တိုက်ခိုက်တာပါလို့ သူတို့က ပြောပါတယ်။

အမေရိကန်အစိုးရကတော့ ဒီလုပ်ရပ်ဟာ အယ်ချာဘတ်အဖွဲ့ရဲ့ လူူ့ အသက်ကို လုံးဝတန်ဖိုးမထားတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောဆိုရှုတ်ချပါတယ်။ ဗြိတိန်နိုင်ငံကတော့ ဒီတိုက်ခိုက်မှုဟာ သူတပါး ပေါ်မှာ ရက်စက်လွန်းတဲ့ တိုက်ခိုက်မှုလို့ ပြောပြီး ပြင်သစ်အစိုးရကလည်း သိပ်ကိုဆိုးရွားတဲ့ တိုက်ခိုက်မှုပါလို့ ဆိုပါတယ်။

သေဆုံးသူအများအပြားက တူရကီနိုင်ငံကိုသွားရောက်ရမယ့် ပညာသင်ဆုရမလားဆိုပြီး ပညာရေး ဝန်ကြီးဌာနမှာ စာမေးပွဲအောင်စာရင်းလာကြည့်ကြတဲ့ ကျောင်းသားတွေဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုက အယ်ချာဘတ်အဖွဲ့ စပြီး သူူပုန်ထတဲ့ အချိန်ကစလို့ ခုချိန်ထိ တိုက်ခိုက်မှု တခုထဲနဲ့ လူအများဆုံး သေဆုံးမှှု ဖြစ်ပြီးတော့ ဒါကို ကြည့်ရင်တော့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်က မပြီးသေးဘူး ဆိုတာကို တွေ့ရတယ်လို့ ဆိုမာလီအစိုးရက ပြောသွားပါတယ်ရှင်။

XS
SM
MD
LG