သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး တရုတ်နဲ့ ရုရှား ဗီတိုသုံး ပယ်ချ


ဆီးရီးယားအရေး တရုတ်နဲ့ ရုရှား ဗီတိုသုံး ပယ်ချ
ဆီးရီးယားအရေး တရုတ်နဲ့ ရုရှား ဗီတိုသုံး ပယ်ချ

ဆီးရီးယားအစိုးရအပေါ် ပြစ်တင်ဝေဖန်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အပေါ် တရုတ်နဲ့ ရုရှားက ဗီတိုသုံးပြီး ပယ်ချလိုက်ပါတယ်။ ဆီးရီးယားအစိုးရအနေနဲ့ အရပ်သားအပေါ် စစ်ရေးအရ ကြမ်းကြမ်းတမ်းတမ်း နှိပ်ကွပ်နေတာတွေကို ချက်ခြင်းမရပ်ဘူးဆိုရင် အရေးယူဒဏ်ခတ်မှု ခံရမယ်ဆိုပြီး ဒီဆုံးဖြတ်ချက်မှာ ခြိမ်းခြောက်ထားပါတယ်။

ဒီ ဆုံးဖြတ်ချက်မူကြမ်းကိုတော့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီနဲ့ ပေါ်တူဂီနိုင်ငံတွေက တင်သွင်းခဲ့တာပါ။ လုံခြုံရေးကောင်စီအတွင်းမှာ ဗီတိုသုံး ပယ်ချခံရမှာစိုးလို့ကို - သုံးကြိမ်တိုင်တိုင် ပြန်ပြီး ပြင်ဆင် မူကြမ်း ပြုခဲ့ရပါတယ်။ ဆီရီးယားအစိုးရကို အားနည်းစေမယ့် ဖိအားပေးဖို့ ဆုံးဖြတ်ချက် မူကြမ်းကို အင်္ဂါနေ့ မဲခွဲစဉ်မှာတော့ ထောက်ခံမဲ ၉ မဲရခဲ့ပါတယ်။ လက်ဘနွမ်၊ တောင်အာဖရိက၊ ဘရာဇီးနဲ့ အိန္ဒိယ လေးနိုင်ငံက ကြားနေခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို မရပ်တန့်ဖူးဆိုရင် ဆီးရီးယားသမ္မတ ဘာရှား အယ် အာဆတ်ဒ်ကို ပစ်မှတ်ထားအရေးယူသွားမယ်လို့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။ ဆီးရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချဖို့ကိစ္စဟာ အတော်လေး အချိန်နှောင်းနေပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ ဝေဖန်ပါတယ်။

ဒီ ဆုံးဖြတ်ချက်မူကြမ်းပါ စကားလုံးအချို့ကို လက်မခံနိုင်တာကြောင့် ဗီတိုသုံးတယ်လို့ ရုရှားကတော့ ပြောပါတယ်။ ကုလသမဂ္ဂ ခန့်မှန်းချက်အရတော့ ဆီရးယားအစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြသူ အရပ်သား အနည်းဆုံး ၂၇၀၀ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခု မနေ့က အင်္ဂါနေ့ကလည်း အစိုးရတပ်တွေနဲ့ အတိုက်အခံကိုထောက်ခံတဲ့ အစိုးရဘက်ကနေ ဘက်ပြောင်းလာတဲ့ တပ်တွေအကြား တိုက်ခိုက်မှုကြောင့် ဆီရီးယားမြောက်ပိုင်းမှာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG