သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple iphone အသစ်ထွက်ပြီ

Apple iphone အသစ်ထွက်ပြီ
Apple iphone အသစ်ထွက်ပြီ

တယ်လီဖုန်းပိုင်ရှင်က စကားပြောခိုင်းစေတဲ့ အလုပ်တွေကို တုံ့ပြန်ပြီး လိုက်လုပ်နိုင်တဲ့စွမ်းရှိတဲ့ နောက်ဆုံးပေါ် Iphone အသစ်ကို Apple ကုမ္ပဏီက စပြီး မိတ်ဆက်လိုက်ပါပြီ။

ကုမ္ပဏီတည်ထောင်သူ Steve Job ရဲ့ ရာထူးကို ဆက်ခံသူ Apple အမှုဆောင်အရာရှိချုပ် Tim Cook က ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ကုမ္ပဏီ ရုံးချုပ်ရှိရာ Cupertino မှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ 4S လို့ ခေါ်တဲ့ Iphone အသစ်အတွက် မိတ်ဆက်ပွဲကို တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ Iphone အသစ်ကို သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ ဖုန်းကို တိုက်ရိုက်စကားပြောပြီး သတင်းအချက်အလက် ရှာခိုင်းတာနဲ့ အမိန့်ပေးခိုင်းစေခိုင်းတာတွေ လုပ်နိုင်မယ်လို့ ဆိုပါတယ်။

တယ်လီဖုန်းပိုင်ရှင်က သတင်းအချက်အလက် ရှာခိုင်းတဲ့အခါ Iphone က internet ကနေ သတင်းကို ရှာဖွေပြီး တယ်လီဖုန်းပိုင်ရှင်ကို ပြန်ပြီးအဖြေပေးမှာ ဖြစ်ပါတယ်။ အဲဒီ Iphone အသစ်မှာ အဆင့်မြင့် ဓာတ်ပုံကင်မရာ တပ်ထားပြီး တခြား Apple စက်ပစ္စည်းတွေ အားလုံးရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး နောက်ဆုံးရတဲ့ သတင်းအချက်အလက်တွေကို တင်ပေးနိုင်စွမ်းရှိပါတယ်။ မကြာခင် ကမ္ဘာ့နိုင်ငံပေါင်း ၇၀ မှာ အဲဒီ Iphone အသစ်ကို ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG