သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒလိုင်လားမားကို တောင်အာဖရိက ဗီဇာမပေး


ငြိမ်းချမ်းရေးဆုရှင်ဘုန်းတော်ကြီး ဒလိုင်လားမားနှင့် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး

တိဗက်က နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ပြည်ဝင်ခွင့်ဗီဇာကို တောင်အာဖရိက အစိုးရက မပေးသေးတဲ့အတွက် တောင်အာဖရိက အသားအရောင်ခွဲခြားရေး တိုက်ပွဲဝင်ကာလ ခေါင်းဆောင် တဦးဖြစ်သူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး (Desmond Tutu) ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ပွဲ အခမ်းအနားကို မိမိ မတက်ရောက်နိုင်တော့ဘူးလို့ ဒလိုင်းလားမားက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အိန္ဒိယမှာရှိတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ရုံးက ဒီကနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ လာမယ့် ကြာသာပတေးနေ့မှာ စတင်ကျင်းပမယ့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အသက် (၈၀) ပြည့် မွေးနေ့ပွဲ အခမ်းအနားကို တက်ရောက်ဖို့အတွက် ဒလိုင်းလားမားက လွန်ခဲ့တဲ့ ၅ လ ကတည်းက တောင်အာဖရိက အစိုးရဆီမှာ ဗီဇာရရှိရေး မေတ္တာရပ်ခံခဲ့ပါတယ်။

တောင်အာဖရိကရဲ့ အဓိကကုန်သွယ်ဘက်၊ တရုတ်နိုင်ငံက ဖိအားပေးထားလို့ ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဗီဇာမပေးခဲ့တာဆိုတဲ့ ပြောဆိုမှုတွေကို တောင်အာဖရိက အစိုးရ အရာရှိတွေက ငြင်းပယ်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားတဲ့ နိုင်ငံတွေကို ဗီဇာမပေးဖို့ တရုတ်နိုင်ငံက ပုံမှန် ဖိအားပေးလေ့ရှိပါတယ်။

XS
SM
MD
LG