သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု John Mc Cain ကြိုဆို

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု John Mc Cain ကြိုဆို
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု John Mc Cain ကြိုဆို

သမ္မတဦးသိန်းစိန်ရဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောလိုက်ပါတယ်။

ဒါဟာ သတ္တိရှိရှိနဲ့ဆုံးဖြတ်ခဲ့တာ။ တာဝန်ယူလိုစိတ်ရှိရှိနဲ့ ဆုံးဖြတ်ခဲ့တာပဲဖြစ်တယ်လို့လည်း ချီးကျူးလိုက်ပါတယ်။ ဒါဟာ ဒီမိုကရေစီဆန်တဲ့ လုပ်ရပ်ဖြစ်ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒတွေကို အပြုသဘောနဲ့ တုံ့ပြန်မှုတွေ အခုလိုမျိုး နောက်ပိုင်း ဆက်ပြီးတော့လုပ်လိမ့်မယ် လို့လည်း မျှော်လင့်တဲ့အကြောင်း အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းက မနေ့က ကြေညာချက်ထုတ်ပြီးတော့ ပြောဆိုခဲ့တာပါ။

ဂျွန်မက်ကိန်းဟာ မြန်မာပြည်ကို ပြီးခဲ့တဲ့ မေလတုန်းကလည်း တခေါက် ရောက်ခဲ့ပါသေးတယ်။ အဲဒီတုန်းက မြန်မာအစိုးရသစ် ခေါင်းဆောင်နဲ့ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

This item is part of
XS
SM
MD
LG