သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple ပူးတွဲမ-တည်သူ Steve Jobs ကွယ်လွန်

Apple ပူးတွဲမ-တည်သူ Steve Jobs ကွယ်လွန်
Apple ပူးတွဲမ-တည်သူ Steve Jobs ကွယ်လွန်

Apple ကွန်ပြူတာကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူ အမှုဆောင် အရာရှိချုပ်ဟောင်း Steve Jobs ဟာ အချိန်အတော်ကြာအောင် ခံစားနေခဲ့ရတဲ့ ပန်ခရိယ ကင်ဆာရောဂါနဲ့ မနေ့ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ် ရှိပါပြီ။

Apple ကွန်ပြူတာကုမ္ပဏီကနေ သူအနားယူခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာပဲ ကွယ်လွန်ခဲ့တာပါ။ Steve Jobs ဟာ နည်းပညာတွေကို လူတိုင်းအလွယ်တကူနဲ့ အသုံးချနိုင်အောင် လုပ်ပေးခဲ့တဲ့သူလို့ အမြဲတမ်း နာမည်တွင်နေတော့မှာပါ။

Apple ကုမ္ပဏီကနေ တကမ္ဘာလုံး လူကြိုက်များနေတဲ့ iPhone, iPad နဲ့ Ipod ဆိုတဲ့ နည်းပညာ ဆိုင်ရာ လူသုံးကုန်ပစ္စည်းတွေ Steve Jobs လက်ထက်မှာ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Apple ကုမ္ပဏီဟာ ၁၉၀၀ ခုနှစ်တွေတုန်းကတော့ ဒေဝါလီ ခံရတော့မတတ်အထိ စီးပွားကျခဲ့တာပါ။

This item is part of
XS
SM
MD
LG