သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်


ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်
ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်

အိန္ဒိယနိုင်ငံက ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေကြား ကွန်ပြူတာ နည်းပညာနဲ့ သုံးစွဲမှု အနေထား ကွာဟမှု မရှိစေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

အာကာ (Aakash) လို့ ဟန္ဒီဘာသာနဲ့ခေါ်တဲ့ မိုးကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ လက်ကိုင် ကွန်ပြူတာ အသေးစားကို တလုံးအတွက် အစိုးရလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလောက်နဲ့ ကျောင်းသားတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။

ဒီကွန်ပြူတာကို DataWind ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယအစိုးရနဲ့ ကုမ္ပဏီ အရာရှိတွေက ဗုဒ္ဒဟူးနေ့မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ပေးအပ်ခဲ့ပါတယ်။ စမ်းသပ်တဲ့ အဆင့် အဖြစ် ကွန်ပြူတာ အလုံးပေါင်း ၁ သိန်းလောက်ထုတ်လုပ်ဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။

ဒီကွန်ပြူတာကို Word နဲ့ သုံးနိုင်ပြီး အင်တာနက်လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါ့ပြင် ဗီဒီယို ရုပ်သံက တဆင့် တယောက်နဲ့ တယောက် ဆက်သွယ်ပြောကြားလို့ ရပြီး သူ့မှာ ယူအက်စ်ဘီ ကပ် (USB memory card) နဲ့ သုံးစွဲလို့ ရပါတယ်။

ဒီကွန်ပြူတာအတွက် ၁၀ ဒေါ်လာလောက် အထိ ဈေးချ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက အမှုဆောင် အကြီးအကဲ ဆူနီး ဆင်း တူလီ (Suneet Singh Tuli) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီကွန်ပြူတာကို အိန္ဒိယ နိုင်ငံတွင်းက ကလေးငယ် အားလုံးအတွက် လက်ဆောင်ပေးဖို့ နဲ့ ဆင်းရဲသူ အများ အပြားကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်စေမယ့် ကရိယာ အဖြစ် သုံးဖို့ အိန္ဒိယ လူသား အရင်းမြစ် ဖွံ့ဖြိုးမှု ဝန်ကြီး ကပင်းလ် ဆီဘလ် (Kapil Sibal) ကတောင်းဆို လိုက်ပါတယ်။

XS
SM
MD
LG