သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်နဲ့ချီတဲ့ ဂရိအလုပ်သမားတွေ ဆန္ဒပြ


ထောင်နဲ့ချီတဲ့ ဂရိအလုပ်သမားတွေ ဆန္ဒပြ
ထောင်နဲ့ချီတဲ့ ဂရိအလုပ်သမားတွေ ဆန္ဒပြ

ဂရိနိုင်ငံမှာ ထောင်နဲ့ချီတဲ့အလုပ်သမားတွေ မနေ့က အလုပ်မဆင်းဘဲ လမ်းလျှောက်ဆန္ဒပြခဲ့ကြလို့ ရုံးတွေ၊ ကျောင်းတွေနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။ နိုင်ငံမှာအကြွေးတွေ တင်နေပြီး နိုင်ငံတကာရဲ့ အကူအညီတွေ ပိုရဖို့နဲ့ ခြိုးခြံချွေတာရေး လုပ်ဖို့ အစိုးရက စီစဉ်တာတွေကို မကျေနပ်လို့ အလုပ်သမားတွေ ဆန္ဒပြကြတာပါ။

အဓိကကျတဲ့ ဂရိအလုပ်သမား သမဂ္ဂကြီး၂ ခုက ၂၄ နာရီ ဆန္ဒပြမှုတွေ လုပ်နေလို့ရုံးတွေ၊ ကျောင်းတွေနဲ့ အစိုးရလုပ်ငန်းတွေ ပိတ်ထားရပါတယ်။

အေသင် မြို့တော်က နိုင်ငံတကာ လေဆိပ်မှာလည်း လေယာဉ်အစီး ၄၀၀ ကျော် ပျံသန်းမယ့် အစီအစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။ လိုငွေပြမှုတွေကို လျှော့ချတဲ့အနေနဲ့ ပင်စင် လစာငွေတွေကို လျှော့ချရေး၊ အစိုးရအလုပ်သမား ၃ သောင်းရဲ့ လစာငွေတွေကိုလည်း လျှော့ချရေးနဲ့ အလုပ်တွေ ဖြုတ်ဖို့ စီစဉ်နေတာကြောင့် ဆန္ဒပြအလုပ်သမားတွေက ဂရိ ဝန်ကြီးချုပ် ဂျော့ချ် ပါပန်း ဒရပ်စ်ကို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုမှာ ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီးလူစုခွဲခဲ့ကြလို့ ရဲတွေကို ဆန္ဒပြသူတွေက ခဲတွေနဲ့ ပြန်ပေါက်ခဲ့ကြပါတယ်။

XS
SM
MD
LG