အခုတပတ် အနုပညာ မိုးကောင်းကင်မှာတော့ ဧရာဝတီမြစ်အကြောင်း ဖွဲ့ဆိုထားတဲ့ ကဗျာတပုဒ်ကို နားဆင်ရမှာပါ။ ဧရာဝတီမြစ်ကို လူအများက မြန်မာပြည်ရဲ့ မိခင်မြစ်မကြီးလို့ တင်စားခေါ်ဝေါ် တတ်ကြပါတယ်။ မြန်မာပြည်ရဲ့ အဓိက အသက်သွေးကြောတခုလို့လည်း ပြောကြပါတယ်။ ဒီမြစ်ကြီးဟာ အနုပညာသမားတွေ အတွက်လည်း ခံစားချက်မျိုးစုံပေးတဲ့ မြစ်ကြီးဖြစ်လို့ ဧရာဝတီနဲ့ဆိုင်တဲ့ အနုပညာဖန်တီးမှုတွေက အမြဲမပြတ် ရှိနေတာပါ။ ဧရာဝတီမြစ် ထိခိုက်ပျက်စီးမှာကို စိုးရိမ်နေသူတဦးဖြစ်တဲ့ မန္တလေးအခြေစိုက် စိမ်းရောင်စို သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့က ကဗျာသမား မောင်တင်သစ်က“ဧရာဝတီကို မထိနဲ့၊ အမေ့ကို မထိနဲ့” ဆိုတဲ့ ဗျာတပုဒ် ရေးသားထားပါတယ်။ ကိုကျော်အောင်လွင်က တင်ဆက်ပါလိမ့်မယ်။
ဧရာဝတီကို မထိနဲ့ (ကဗျာ)
- Kyaw Lwin
