သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာပေနိုဘဲလ်ဆု ဆွီဒင်ကဗျာဆရာ ရရှိ

Tomas Transtromer, Swedish poet (File Photo).
Tomas Transtromer, Swedish poet (File Photo).

၂၀၁၁ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘဲလ်ဆုကို ဆွီဒင် တော်ဝင် သိပ္ပံ အကယ်ဒမီက အသက် ၈၀ အရွယ် ဆွီဒင်နိုင်ငံသား ကဗျာဆရာကြီး Tomas Transtromer ကို ချီးမြှင့်လိုက်ပါတယ်။

ကဗျာဆရာကြီး Transtromer ဟာ “သိပ်သည်း ကျစ်လျစ်ပြီး ထွင်းဖောက် အလင်းပြနိုင်တဲ့ ပုံရိပ်ပြ ဖွဲ့ဆိုမှုတွေနဲ့ မိမိတို့အတွက် အမှန်တရားအပေါ် သိမြင်နားလည်မှုအသစ် ရလာစေတာကြောင့်” အခုလို ချီးမြှင့်ခဲ့တာဖြစ်တယ် လို့ ဆုရွေးချယ်ရေးအဖွဲ့က ဒီကနေ့ ကြာသပတေးနေ့မှာပြောပါတယ်။

Trantromer ဟာ စာပေဆိုင်ရာနိုဘဲလ်ဆုအတွက် ဆုငွေ အမေရိကန် ဒေါ်လာ ၁ သန်းခွဲရမှာပါ။ တနင်္လာနေ့မှာ ဆေးဘက် ပညာရပ်ဆိုင်ရာ၊ အင်္ဂါနေ့မှာ ရူပဗေဒပညာရပ်ဆိုင်ရာ၊ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒပညာရပ် ဆိုင်ရာ နိုဘဲလ်ဆုတွေ ကြေညာခဲ့ပြီးတဲ့ နောက် ဒီကနေ့ကြေညာတဲ့ နိုဘဲလ်ဆုဟာ ဒီနှစ်အတွက် လေးခုမြောက် နိုဘဲလ်ဆုဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆုရှင်ကိုတော့ မနက်ဖြန် သောကြာနေ့ကျရင် ကြေညာပါလိမ့်မယ်။

ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရသူတွေထဲမှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်ကလည်း နိုဘဲလ်ငြိမ်းချမ်းရေးဆု ၁ ကြိမ် ချီးမြှင့်ခံခဲ့ရပါတယ်။

This item is part of
XS
SM
MD
LG