သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စားသောက် ကုန်ဈေးနှုန်းကျဆင်း


ကမ္ဘာ့စားသောက် ကုန်ဈေးနှုန်းကျဆင်း
ကမ္ဘာ့စားသောက် ကုန်ဈေးနှုန်းကျဆင်း

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ မနှစ်က ဒီအချိန်နဲ့နှိုင်းယှဉ်ရင် အများအားဖြင့် တက်နေသေးပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သိသိသာသာကျသွားတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ကြာသပတေးနေ့ကထုတ်ပြန်တဲ့ လစဉ် စားနပ်ရိက္ခာဈေး အညွှန်းကိန်းဟာ သြဂုတ်လထက်စာရင် ၂ ရာခိုင်နှုန်း လျော့သွားတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောပါတယ်။ သကြား၊ နှံစားသီးနှံနဲ့ ရေနံဈေးနှုန်းတွေ ကျသွားတာနဲ့အတူ စားသောက်ကုန်အများစုရဲ့ ဈေးနှုန်းတွေ ကျဆင်းသွားတာကို အညွှန်းကိန်းက ပြနေတယ်လို့ FAO က ပြော ပါတယ်။

ဈေးနှုန်းကျသွားတာဟာ အများအားဖြင့်တော့ ရောင်းလိုအား ဒါမှမဟုတ် အနာဂတ် ရောင်းအား အလားအလာတွေ တိုးသွား တာကြောင့်ဖြစ်တယ်လို့ FAO က ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အားနည်းတာနဲ့ အမေရိကန်ဒေါ်လာ အားကောင်းနေတာကလည်း အကြောင်းရင်းတခုဖြစ်ပါတယ်။

အထူးသဖြင့် အရှေ့အာဖရိကဒေသနဲ့ ဒေသတချို့မှာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ဆက်ပြီး ရင်ဆိုင်ရဖွယ်ရှိတယ်လို့တော့ FAO က သတိပေးထားပါတယ်။

နိုင်ငံ ၃၂ နိုင်ငံဟာ ပြင်ပက စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ FAO ကခန့်မှန်းထားပြီး အဲဒီနိုင်ငံတွေထဲမှာ အာဖရိကတိုက်က အများစုဖြစ်ပေမဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့အပါအဝင် အာရှနိုင်ငံအများအပြားလည်း ပါဝင်ပါတယ်။

XS
SM
MD
LG