သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ Steve Jobs အတွက် ကမ္ဘာတဝန်း ဝမ်းနည်း

ကွယ်လွန်သူ Steve Jobs အတွက် ကမ္ဘာတဝန်း ဝမ်းနည်း
ကွယ်လွန်သူ Steve Jobs အတွက် ကမ္ဘာတဝန်း ဝမ်းနည်း

Apple ကွန်ပြူတာကုမ္ပဏီကိုပူးတွဲတည်ထောင်သူ အသက် ၅၆ နှစ်အရွယ် Steve Jobs ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ပြီး ကမ္ဘာတဝှမ်းမှာရှိတဲ့ Apple အရောင်းဆိုင်တွေဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပတဲ့နေရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ မနေ့တုန်းက Apple အရောင်းဆိုင်တွေမှာ လွမ်းသူ့ပန်းစည်းတွေ ဖယောင်းတိုင်တွေနဲ့ ပြည့်နေပါတယ်။

ကမ္ဘာတဝန်း လူကြိုက်များတဲ့ iPhone, iPad နဲ့ iPod တို့လို လှပဆန်းကျယ်တဲ့ ကွန်ပြူတာတွေ၊ လက်ကိုင်ဖုံးတွေ သီချင်းနားထောင်တဲ့ ကိရိယာတွေကို တည်ထွင်ခဲ့တဲ့သူအတွက် Apple ပရိသတ်တွေက ဝမ်းနည်းကြေကွဲမှုကို ပြသခဲ့ကြတာပါ။ တကယ့် ပါရမီရှင်တဦး၊ ကမ္ဘာ့အံ့ဖွယ်လူသား တဦးကို ဆုံးရှုံးခဲ့ရတာပါပဲလို့ Apple ကုမ္ပဏီက ပြောခဲ့ပါတယ်။

ကွယ်လွန်သူ Steve Jobs ဟာ ၂၀၀၃ ခုနှစ်ကတည်းက ပန်ခရိယ (မုန့်ချိုအိတ်) ကင်ဆာရောဂါကိုခံစားခဲ့ရတာပါ။ ၂၀၀၉ ခုနှစ်တုန်းက အသည်းအစားထိုး ကုသမှုခံယူခဲ့ပါသေးတယ်။ အေးအေးသက်သာနဲ့ပဲ မိသားစုဝင်တွေနဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့က နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါလို့ သူ့ရဲ့မိသားစုက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ၊ တက္ကသိုလ်ကောလိပ်ကပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကလည်း Steve Jobs ကွယ်လွန်မှုကို ဝမ်းနည်းတဲ့အကြောင်း ပြောဆိုနေကြပါတယ်။ အမေရိကန်သမ္မတ ဘာရက်ခ်၊ အိုဘားမားကတော့ Steve Jobs ဟာ အမေရိကန်ပြည် ထောင်စုရဲ့ ကြီးမြတ်တဲ့ တီထွင်သူတွေထဲက တဦးပါပဲလို့ဆိုပါတယ်။

This item is part of
XS
SM
MD
LG