သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်ဝှမ်း ရေကြီးမှု ခေတ်သစ်မှာ အဆိုးဆုံး


ထိုင်းနိုင်ငံ အယုဒ္ဓယ ရှေးဟောင်း ဘုရားများရေနစ်မြုတ်နေသည့်နေရာ (ဓာတ်ပုံ၊ အေပီ၊ အောက်တိုဘာ ၂၀၁၁)
ထိုင်းနိုင်ငံ အယုဒ္ဓယ ရှေးဟောင်း ဘုရားများရေနစ်မြုတ်နေသည့်နေရာ (ဓာတ်ပုံ၊ အေပီ၊ အောက်တိုဘာ ၂၀၁၁)

မဲခေါင်မြစ်ဝှမ်းဒေသအတွင်း ခေတ်သစ်သမိုင်းမှာ အဆိုးဆုံး ရေကြီးမှုတွေဖြစ်နေချိန် ထိုင်းနဲ့ Cambodia နိုင်ငံတွေရဲ့ မြို့တော်တွေဟာလည်း ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

မြို့တော်ထဲကို ရေတွေ ဝင်လာနေတဲ့အတွက် ဘန်ကောက်မြို့တော် တာဝန်ရှိသူတွေဟာ အရေးပေါ် လုပ်စရာတွေကို ဆောင်ရွက်နေကြတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အေဂျင်စီပြောခွင့်ရသူ Kirsten Mildren င VOA ကို ပြောပါတယ်။

မြို့ပတ်လည်မှာ တူးမြောင်းတွေဖောက်၊ သဲအိတ်တွေကာပြီး မြို့ထဲဝင်လာမယ့် ရေတွေကို တားဆီးနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ပြောပါတယ်။ Cambodia နိုင်ငံမှာလည်း ရေချိန် ဆက်လက် မြင့်တက်နေပြီး Phnom Penh မြို့တော်ဟာ စိုးရိမ်စရာဖြစ်နေတယ်လို့ Mildren က ပြောပါတယ်။

Cambodia နိုင်ငံတဝှမ်း August လထဲက ရေကြီးမှုကြောင့် လူပေါင်း ၁၈၃ ယောက် သေဆုံးခဲ့ပြီး စပါးခင်း ဧက ၂ သိန်းခွဲ နီးပါး ပျက်စီးခဲ့ပါတယ်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လောနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ရေကြီးမှုကြောင့် ဒေသတွင်း သေဆုံးသူပေါင်း ၅၀၀ အနည်းဆုံးရှိနေပြီး သန်းပေါင်းများစွာ ရေဘေး ဒုက္ခရောက်နေကြတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အေဂျင်စီပြောခွင့်ရသူက ပြောပါတယ်။

XS
SM
MD
LG