သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tymoshenko အပေါ် ပြစ်ဒဏ် နိုင်ငံရေးပယောဂအဖြစ် အမေရိကန် ရှုတ်ချ


Former Ukrainian Prime Minister Yulia Tymoshenko in court (June, 2011 photo)
Former Ukrainian Prime Minister Yulia Tymoshenko in court (June, 2011 photo)

ယူကရိန်းဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko ကို အာဏာအလွဲသုံးစားမှုနဲ့ ထောင်ဒဏ်ချမှတ် လိုက်တာဟာ နိုင်ငံရေး လုပ်ကြံမှုပဲလို့ သတ်မှတ်ပြီး အကြီးအကျယ် စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ အမေရိကန်အစိုးရက ပြစ်တင်ပြောဆို လိုက်ပါတယ်။

မနေ့က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်မှာတော့ Ms. Tymoshenko အပေါ် တရားစီရင်မှုဟာ Kyiv တရားရုံးရဲ့ ဒီမိုကရေစီကျကျ တာဝန်ခံမှု၊ တရားဥပဒေစိုးမိုးမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တိုးပွား လာစေ တယ်လို့ ဖော်ပြထားပြီး Ms. Tymoshenko ကို လွှတ်ပေးဖို့လည်း တောင်းဆို ထားပါတယ်။

Kyiv တရားရုံးက Ms. Tymoshenko ကို ၂၀၀၉ ခုနှစ်တုန်းက အိမ်နီးချင်းနှစ်နိုင်ငံကြား သဘာ၀ ဓာတ်ငွေ့ဆိုင်ရာ သဘောတူမှုမှာ အာဏာအလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချလိုက်တာဟာ နိုင်ငံရေး လုပ်ကြံမှု ဖြစ်တယ်လို့ ရုရှနိုင်ငံကလည်း စောစောကတည်းက ဝေဖန်ခဲ့ပါတယ်။

Kyiv တရားရုံးတခုရဲ့ တရားသူကြီး Rodion Kireyev က လက်ရှိအတိုက်အခံ ခေါင်းဆောင်ဖြစ်နေတဲ့ Ms. Tymoshenko ဟာ သူဝန်ကြီးချုပ်ဖြစ်နေစဉ် ၂၀၀၉ ခုနှစ်မှာတုန်းက Russia နဲ့ သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ သဘောတူ စာချုပ်ခဲ့တာဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ခဲ့တယ်ဆိုတာ ရှင်းနေကြောင်း၊ ဒီသဘောတူမှုကြောင့် Ukraine ဘဏ္ဍာ ဒေါ်လာသန်း ၂၀၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ တရားသူကြီးက ပြောပါတယ်။

Kyiv တရားရုံးက Ms. Tymoshenko ကို ပြစ်ဒဏ်ချလိုက်တာကို ကြည့်ရင် Russia ဆန့်ကျင်ရေး သဘောထား ရှိနေတယ်ဆိုတာ ပေါ်လွင်တယ်လို့ Russia နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြစ်ဒဏ် ချပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။ ရုရှဝန်ကြီးချုပ် Vladimir Putin ကလည်း ခုလို တရားစီရင်တာကို လုံဝနားမလည်နိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း Tymoshenko က သူ့မှာပြစ်မရှိကြောင်း ထပ်တလဲလဲ ပြောကြားခဲ့ပြီး သူ့ရဲ့ ရှေ့နေကလည်း ပြစ်ဒဏ်အတွက် အယူခံဝင်မယ်လို့ ပြောပါတယ်ရှင်။

XS
SM
MD
LG