သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှရေကြီးမှု အခြေအနေဆိုး


အာရှရေကြီးမှု အခြေအနေဆိုး
အာရှရေကြီးမှု အခြေအနေဆိုး

မဲခေါင်မြစ်ဝှမ်းဒေသတခုလုံးမှာဖြစ်နေတဲ့ ရေလွှမ်းမိုးမှုကြောင့် ဗီယက်နမ်နိုင်ငံမှာ လူ ၉ ယောက် သေဆုံးတဲ့အကြောင်း တာဝန်ရှိ သူတွေက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ရေကြီးတာကြောင့် သေဆုံးရသူအရေအတွက်ဟာ ၄၃ ဦး ရှိသွားပြီဖြစ်ပြီး အများစုက ကလေးတွေဖြစ်ပါတယ်။

လူပေါင်း ၂၈၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ အယုဒ္ဓယမြို့က သမိုင်းဝင် ရှေးဟောင်းဘုရားတဆူ ရေနစ်မြုပ်ခဲ့ရသလို ဒေသခံတွေလည်း အိုးအိမ်တွေစွန့်ပြီး ထွက်သွားကြရပါတယ်။ ဘန်ကောက်မြို့တော်မှာ ဆိုးရွားတဲ့ ရေကြီးမှုဖြစ်လာမယ် လို့ ခန့်မှန်းထားပြီး အဆောက်အဦးတွေ ပတ်ပတ်လည်နဲ့ မြစ်ကမ်းပါးတွေတလျှောက်မှာ အလုပ်သမားတွေက သဲအိတ်တွေကို ချနေကြပါတယ်။

ဗီယက်နမ်နိုင်ငံက ရေကြီးမှုဟာ ဆယ်စုနှစ်တခုအတွင်း အဆိုးဆုံးပါပဲ။ နေအိမ်ပေါင်း ၇၀,၀၀၀ နီးပါး တဝက်တပျက် ရေထဲ ရောက်နေပြီး လမ်းတွေ သွားလာလို့မရသလို စာသင်ကျောင်း ရာပေါင်းများစွာကိုလည်း ပိတ်ထားရပါတယ်။

XS
SM
MD
LG