သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်တန်း ဟတ်ကနီ (Haqqani) ခေါင်းဆောင် ပါကစ္စတန်မှာ အသတ်ခံရ

အမေရိကန် အဝေးထိန်း မောင်းသူမဲ့ ဒုံးလေယာဉ်
အမေရိကန် အဝေးထိန်း မောင်းသူမဲ့ ဒုံးလေယာဉ်

အာဖဂန်နစ္စတန်က ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အဓိကကျတဲ့ ဟတ်ကနီ ကွန်ယက် စစ်သွေးကြွ အဖွဲ့ရဲ့ထိပ်တန်း ခေါင်းဆောင်တဦးဟာ ပါကစ္စတန်နိုင်ငံမှာ သေဆုံးသွားတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။

ဂျမေးလ်လို့သိကြတဲ့ ဂျမတ်ဇာဒရမ်းဟာ ဟတ်ကနီ (Haqqani) ခြေကုပ်စခန်းဖြစ်တဲ့ မြောက်ဝါရစ္စတန်မှာ ရှိတဲ့ မရမ်ရှမ်းမှာ ကြာသပတေးနေ့က အသတ်ခံခဲ့ရတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဇာဒရမ်းဟာ ပါကစ္စတန်မှာရှိတဲ့ ဟာကာနီအဖွဲ့ကြီးရဲ့အကြီးအကဲဖြစ်တယ်လို့လည်း ပြောပါတယ်။ ကာဘူးလ်နဲ့ အာဖဂန်အရှေ့တောင်ပိုင်းမှာရှိတဲ့ အမေရိကန်နဲ့ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ နေရာမှာအဓိက အခန်းကဏ္ဍကနေ ပါဝင်သူဖြစ်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ထောက်လှမ်းရေးကလည်း အမေရိကန်ရဲ့မောင်းသူမဲ့ အဝေးထိန်း ဒုံးလက်နက်နဲ့ ဟတ်ကနီ ခေါင်းဆောင်တယောက် သေဆုံးခဲ့တဲ့အကြောင်း ကြာသပတေးနေ့စောစောပိုင်းကပြောပါတယ်။ တခြား စစ်သွေးကြွသုံးဦးလည်း သေဆုံးခဲ့တယ်လို့ သူတို့ကပြောပါတယ်။ ဒုတိယ မောင်းသူမဲ့ အဝေးထိန်း ဒုံးလက်နက် လေယာဉ်နဲ့ တောင်ပိုင်းဝါရီစတန်မှာလည်း တိုက်ခိုက်မှုတွေကြောင့်စစ်သွေးကြွ ၆ ဦး သေဆုံးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG