သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ အမေရိကန် ပူးတွဲလွှတ်တော် ၂ ရပ်မှာ မိန့်ခွန်းပြော


သမ္မတအိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်
သမ္မတအိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်

တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်က တောင်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံကြား ခိုင်မာတဲ့ စီးပွားရေးနဲ့ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေ အမေရိကန် လွှတ်တော် ၂ ရပ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ကြာသာပတေးနေ့က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အဓိက ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဖို့ တင်သွင်းမှုကို ခွင့်ပြုခဲ့တဲ့ လွှတ်တော်ကို ကျေးဇူးတင်ကြောင်းလည်း မစ္စတာအီက ပြောပါတယ်။

စောစောတုန်းက မစ္စတာအီနဲ့ သမ္မတ အိုဘားမားတို့ဟာ နှစ်နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်အပေါ် ချီးကျူးခဲ့ကြပါတယ်။ အဲဒီ သဘောတူညီမှုကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်မှု တိုးမြှင့်နိုင်မှာ ဖြစ်သလို အလုပ်အကိုင်သစ်တွေလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ ဒီသဘောတူညီချက်ကို ကွန်ဂရက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နှစ်နိုင်ငံလုံး စီးပွားရေးအတွက် ဒေါ်လာတွေ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာအီက အမေရိကန် တပ်ဖွဲ့ဝင်တွေအနေနဲ့ အတိတ်ကာလကော ပစ္စုပ္ပန်မှာပါ တောင်ကိုရီးယားကို အကာအကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောဆိုလိုက်ချိန်မှာတော့ ကွန်ဂရက်စ်လွှတ်တော်မှာ အားလုံး မတ်တပ်ရပ်ပြီးတော့ အသိအမှတ်ပြုတာကို ခံခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က စတင်ခဲ့တဲ့ မစ္စတာလီရဲ့ အလည်အပတ်ခရီးအတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အဓိက ဆွေးနွေးမှုကတော့ မြောက်ကိုရီးယားရဲ့ နျူကလီယား အရေးကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG