သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း


မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း
မြန်မာလူ့အခွင့်အရေးတိုးတက်အောင် ဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကိုရောက်နေပါတယ်။ ဂျပန်မြန်မာ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးတက်လာအောင် ရည်ရွယ်ပြီး ရောက်လာတဲ့ ခရီးစဉ်ပဲလို့ ဂျပန်အစိုးရဝန်ကြီးအဖွဲ့ရဲ့ ဝန်ကြီး Osamu Fujimura ကပြောပါတယ်။

အခုလို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်ကိုရောက်နေတုန်း ကုန်သွယ်ရေး ကိစ္စကိုပဲ ပြောမနေဘဲနဲ့ လူ့အခွင့်အရေးတွေ၊ မြန်မာပြည်မှာတိုးတက်လာအောင် လုပ်ဆောင်ဖို့ကိုပါ ဂျပန်ဘက်က တိုက်တွန်း ရမယ့် အရေးကြီးတဲ့ အခွင့်အလမ်းတရပ်ပဲလို့ ဂျပန်နိုင်ငံက လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Kanae Doi က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေကို ဖိနှိပ်တဲ့ ဥပဒေတွေကိုလည်း ဖျက်ပစ်ဖို့ကိုပါ ဂျပန်အစိုးရက တိုက်တွန်းဖို့ Kanae Doi ကပြောပါတယ်။

မြန်မာပြည်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့အခါမှာလည်း ယုံကြည်စိတ်ချမှု ရှိအောင်၊ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ အားကောင်းလာရေး အတွက် ဖြစ်ရအောင်လုပ်ဆောင်ဖို့၊ အာဏာပိုင်တွေလက်ထဲမှာ ပျောက်သွားတာမျိုး မဖြစ်စေဖို့ ဂျပန်ဘက်က တိုက်တွန်းပါလို့လည်း ဆိုပါတယ်။

ဒီခရီးစဉ်အတွင်းဂျပန် ဘက်ကပြောဖို့စီစဉ်ထားတာက ၂ နိုင်ငံအကြား အမှုထမ်းဖလှယ်ရေးအစီအစဉ်၊ ODA လို့ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ စီးပွားရေးဆက်ဆံမှုနဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွေအကြောင်း ပါဝင်ပါလိမ့်မယ်။

ဂျပန်ကပေးတဲ့ ODA ဖွံ့ဖြိုးရေးအကူအညီတွေဟာ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုအတွင်း ဂျပန် သတင်းထောက်တဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ရပ်တန့်ထားတာပါ။ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဖို့ရှိပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ ဂျပန်နိုင်ငံကို အောက်တိုဘာလ ၂၀ ရက်ကနေ ၂၂ ရက်အထိ ၃ ရက်ကြာခရီးစဉ်နဲ့ ရောက် လာခဲ့တာပါ။

XS
SM
MD
LG