သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု အများဆုံးနိုင်ငံထဲ မြန်မာ ပါဝင်

အဂတိလိုက်စားမှု အများဆုံးနိုင်ငံထဲ မြန်မာ ပါဝင်
အဂတိလိုက်စားမှု အများဆုံးနိုင်ငံထဲ မြန်မာ ပါဝင်

ကမ္ဘာပေါ်က အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံတွေ စာရင်းထဲမှာ အာဖဂန်၊ မြန်မာ၊ အီရန်၊ ဆိုမားလီးယားနိုင်ငံတို့က ထိပ်ဆုံးက ရှိနေပါတယ်။ ဘာလင်အခြေစိုက် Transpancy International ရဲ့ နှစ်စဉ် ထုတ်ပြန်နေကျ အဂတိလိုက်စားမှုဆိုင်ရာ အစီရင်ခံစာကို အခု ဒီ အင်္ဂါနေ့က ထုတ်ပြန်ရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို ကျွမ်းကျင်သူတွေနဲ့ စီးပွားရေးပညာရှင်တွေရဲ့ အကဲဖြတ်ချက် အတော်များများကို ပြန်ပြီးတော့ အခြေခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒိန်းမတ်နဲ့ နယူးဇီလန်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အနည်းဆုံးတိုင်းပြည်တွေအဖြစ်နဲ့ Transpancy International အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စစ်တမ်းထဲမှာ နိုင်ငံပေါင်း ၁၇၈ နိုင်ငံကို ဖော်ပြပီးတော့ အားလုံးကို သုညကနေ တဆယ်အထိ အဆင့်တွေ သတ်မှတ်ထားပါတယ်။ သုညကတော့ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ ၄ ပုံ ၃ ပုံဟာ အဆင့် ၅ အောက်မှာ ရှိနေတယ်လို့ Transpancy International အဖွဲ့က ပြောပါတယ်။

အဆိုးဆုံးသတ်မှတ်ခံရတဲ့ နိုင်ငံတွေဟာ အရှေ့အာရှ၊ အလယ်အေရှနဲ့ အာဖရိကတိုင်းပြည်က ဒေသတွေ ဖြစ်ကြပါတယ်။ အခုလို အဂတိလိုက်စားမှုလို့ ဆိုတဲ့နေရာမှာ မိမိတို့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် အာဏာ၊ သြဇာကို တလွဲအသုံးပြုခြင်းဖြစ်တယ်လို့ Transpancy International အဖွဲ့က သတ်မှတ်ထားပါတယ်။

This item is part of
XS
SM
MD
LG