သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်မပျံသန်းရဇုံသတ်မှတ်မှု ဆက်ထားရေး လစ်ဗျားတောင်းဆို

လစ်ဗျားကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် Mustafa Abdel Jalil
လစ်ဗျားကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် Mustafa Abdel Jalil

နေတိုးတပ်ဖွဲ့တွေရဲ့လုပ်ငန်းတွေကို ဒီနှစ်ကုန်ပိုင်းအထိ လစ်ဗျားမှာ ဆက်ပြီးလုပ်ဆောင်ပေးဖို့ လစ်ဗျားကြားဖြတ်အစိုးရ NTC ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။

သေဆုံးသွားခဲ့တဲ့ မိုမာဂဒါဖီရဲ့ သစ္စာခံတပ်ဖွဲ့တွေက လူပြန်စုပြီး နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက် လာနိုင်တာကြောင့် နေတိုးတပ်ဖွဲ့တွေဘက်က အကူအညီဆက်ပေးနေဖို့ NTC အဖွဲ့ခေါင်းဆောင် မူစတာဖာ အဗ္ဗဒလ် ဂျာလိလ်က မနေ့ကပဲ ပြောဆိုခဲ့တာပါ။ လစ်ဗျားနိုင်ငံကို လေယာဉ်မပျံသန်းရ နယ်မြေအဖြစ် သတ်မှတ်ပြီး နေတိုးတပ်ဖွဲ့တွေချထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဆက်ပြီးထားရှိပေးဖို့ လစ်ဗျားရဲ့ထိပ်တန်းသံတမန်တဦးက နယူးယောက်မြို့မှာ တောင်းဆိုခဲ့ပါတယ်။

လစ်ဗျားက လုံခြုံရေးအခြေအနေတွေဟာ တည်ငြိမ်ဖို့ မလွယ်သေးတာကြောင့် အခုလို တောင်းဆိုရတာ ဖြစ်တယ်လို့ လစ်ဗျားရဲ့ ဒုသံအမတ်ကြီး အီဗရာဟင် ဒတ်ဘာရှီကပြောပါတယ်။ လစ်ဗျားရဲ့နယ်စပ်တွေကို စောင့်ကြည့်နိုင်ပါ့မလားဆိုတာ မေးစရာတွေ ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲမှာ လစ်ဗျားခေါင်းဆောင်ဟောင်းမိုမာကဒါဖီ အဖမ်းအဆီးခံရပြီးမှ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ လစ်ဗျားကြားဖြတ် အစိုးရ NTC အဖွဲ့သားတွေထဲက သတ်တယ်ဆိုတဲ့ သတင်းတွေ မရှိဘူးလို့ လစ်ဗျားသံအမတ်က ဆိုပါတယ်။

This item is part of
XS
SM
MD
LG