သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့လူဦးရေ သန်း ၇,၀၀၀ ပြည့်မည်


ကမ္ဘာ့လူဦးရေ သန်း ၇,၀၀၀ ပြည့်မည်

လာမယ့်တနင်္လာနေ့ကျရင် ကမ္ဘာ့လူဦးရေဟာ ၇ ဘီလျံ၊ (သန်းပေါင်း ၇,၀၀၀) အထိ ရှိလာလိမ့်မယ် လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

အနာဂတ်မှာ လူတွေ ကျန်းမာရေး ကောင်းကောင်းနဲ့ ရေရှည်ရပ်တည်နိုင်ကြမလား- ချမ်းသာကြွယ်ဝမှုတွေ ရှိလာမလား ဆိုတာတွေကတော့ သဘာဝ ပတ်ဝန်းကျင် ကျဆင်းနေတာတွေ၊ ကမ္ဘာ့စီးပွား ကျဆင်းနေတာတွေ အပေါ်မှာ လူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့လူဦးရေဆိုင်ရာ အစီရင်ခံစာထဲမှာ ရှင်သန် မွေးဖွားဖို့နဲ့ အသက်ရှည်ရှည်နေနိုင်မှုတွေကို ပိုပြီး ရှိလာနေတာတွေကို ရောင်ပြန်ဟပ်တဲ့ အပြုသဘောဆောင်တဲ့ အချက်တွေကိုလည်း မြင်ရလိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံတွေအကြားမှာတော့ တိုးပွားလာတဲ့ လူဦးရေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆီးပေးတဲ့နေရာမှာ ကွာဟမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အာရှမှာရှိနေပြီး ၁၅ ရာခိုင်နှုန်းကတော့ အာဖရိကမှာ ရှိပါတယ်။

အစိုးရတွေအနေနဲ့လည်း ကျန်းမာရေး၊ ပညာရေးနဲ့ လူငယ်တွေကို ပိုပြီးပြုစုပျိုးထောင်ပေးကြဖို့ ကိုလည်း ကုလသမဂ္ဂ အစီရင်ခံစာက တိုက်တွန်းပါတယ်။

နိုင်ငံ ၉ ခုမှာ လူဦးရေက သိသိသာသာ တိုးလာနေတဲ့အကြောင်း အဲဒီ နိုင်ငံတွေကတော့ တရုတ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဖင်လန်၊ အိန္ဒိယ၊ မက္ကစီကို၊ မိုဇမ်ဘစ်၊ နိုင်ဂျာနဲ့ မက်ဆီဒိုးနီးယားနိုင်ငံတွေပဲ ဖြစ်ပါတယ်။

XS
SM
MD
LG