သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်မရွံ့ကဗျာဆရာ လှသန်း


လက်မရွံ့ကဗျာဆရာ လှသန်း

အခုတပတ်အနုပညာမိုးကောင်းကင်မှာတော့ အောက်တိုဘာလ ၂၂ရက်နေ့က ကွယ် လွန်သွားခဲ့တဲ့ ခေတ်ပေါ်ကဗျာ ဆရာ လှသန်းအကြောင်းကို နားဆင်ရမှာပါ။ သူဟာ အာဏာပိုင်တွေရဲ့ ဖိနှိပ်ကန့်သတ်မှု တွေကြားက လူထုခံစားချက်တွေကို ကဗျာကနေတဆင့် မရ ရအောင် တင်ဆက် ခဲ့တဲ့သူပါ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ၀င်တွေကို ဒီပဲရင်း ဒေသမှာ စစ်အစိုး ရလိုလားသူတွေက ရိုက်နှက်ခဲ့တဲ့အဖြစ် အပျက်ကိုလည်း “ ဒီပရင်္ဂ” ဆိုတဲ့ကဗျာနဲ့ ပရိတ်သတ်တွေဆီ ရောက်အောင် ပါးပါး နပ်နပ်နဲ့တင်ဆက်ခဲ့တာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်းဖြစ်တဲ့ ကဗျာဆရာလှသန်းဟာ ဘယ်လိုအနု ပညာသမားမျိုးလဲဆိုတာကို သိရအောင် သူနဲ့ရင်းနှီးသူတချို့နဲ့ဆက်သွယ်မေးမြန်းပြီး ကိုကျော်အောင်လွင်က တင်ဆက်ထားပါ တယ်။

XS
SM
MD
LG