သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သိမ်းခံလယ်သမားတွေ ရန်ကုန်တက် ဆန္ဒပြ


လယ်သိမ်းခံလယ်သမားတွေ ရန်ကုန်တက် ဆန္ဒပြ
လယ်သိမ်းခံလယ်သမားတွေ ရန်ကုန်တက် ဆန္ဒပြ

မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ လယ်ယာမြေ ဥပဒေကို မကျေနပ်လို့ လယ်သမားတချို့ ဒီကနေ့ ရှားရှားပါးပါး ဆန္ဒပြခဲ့ကြတာကို ရဲက လူစုခွဲလိုက်ပါတယ်။ စုစုပေါင်း လယ်မြေဧက ၁၀,၀၀၀ လောက် အသိမ်းခံထားရတဲ့ လယ်သမား ၆၀ လောက်စုပြီး ရန်ကုန်မြို့၊ အိုးအိမ်ဦးစီးဌာနရှေ့မှာ ထိုင်သပိတ် မှောက်ခဲ့ကြတာပါ။

သူတို့က လယ်သမားတွေ ဘဝအာမခံချက် ရှိရေးအတွက်ကို အဓိကထား တောင်းဆိုခဲ့ကြပါတယ်။ ဒီလို လယ်မြေတွေ အတင်းအဓမ္မ အသိမ်းခံရတဲ့ကိစ္စကို လွှတ်တော်မှာ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဘာမှ ထူးမလာတဲ့အတွက် မခံနိုင်ကြတော့တဲ့ လယ်သမားတွေက သူတို့ရဲ့နစ်နာမှုတွေကို သိအောင် အခုလို ဆန္ဒ ဖော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို စီစဉ်သူ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။

“တောင်သူလယ်သမားတွေမှာ ဥပဒေကြောင်းအရ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကုန်နေပြီ။ ဒါကြောင့်မို့လို့ ကျနော်တို့က လူလုံးပြပြီး လူကိုယ်တိုင်ထွက်ပြီး အင်အားပြပြီး ဆောင်ရွက်ရတာဖြစ်တယ်”

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတဲ့ လယ်သမားတွေဆီက ဆိုင်းဘုတ်တွေကို ရဲက သိမ်းပြီး လူစုခွဲခိုင်းခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဆန္ဒပြသူ ၇ ယောက်ကို ရဲက ထိန်းသိမ်းခဲ့တယ်လို့ AFP သတင်းက ပြောပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ မကြာခင်ကပဲ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ မြန်မာ့လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေကြမ်းက လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ လွဲှပြောင်းခွင့်နဲ့ အငှားချခွင့်တွေကို ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီ ဥပဒေကြမ်းထဲမှာ လယ်လုပ်တဲ့လယ်သမားတွေ လယ်မြေပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတဲ့အချက် မပါပါဘူး။

XS
SM
MD
LG