သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Lady ရုပ်ရှင် ရောမပွဲတော်မှာပြ


ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မီရှဲယို
ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မီရှဲယို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝအကြောင်း ရိုက်ကူးထားတဲ့ The Lady ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို အီတလီနိုင်ငံ၊ ရောမမြို့တော်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသနေပါပြီ။ ဒီဇာတ်ကားရဲ့ ဖွင့်ပွဲအခမ်းအနားကို ပြင်သစ် ဒါရိုက်တာ Luc Besson နဲ့ သရုပ်ဆောင် မစ်ရှဲယိုတို့ လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီပွဲကို မတက်ပါဘူး။ ဒါပေမဲ့လည်း ဒီပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစောင် ပေးပို့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမှန်တရား၊ တရားမျှတမှုနဲ့ သွေးစည်းခိုင်မာမှုတွေကိုအခြေခံတဲ့ အတွေးအခေါ်တွေဟာ ပြည်သူတွေနဲ့ ရက်စက်တဲ့အာဏာရှင်တွေအကြား ကာရံပေးထားတဲ့ ခံတပ်ကြီးတွေလိုဖြစ်နေတာကြောင့် ဒီအတွေးအခေါ်တွေကို အမြဲပဲလက်ကိုင်ထားရမယ်လို့ ဖေါ်ပြထားပါတယ်။

ဒီရုပ်ရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဘ၀ ဆိုတာထက် သူ့ရဲ့ပုဂ္ဂိုလ်ရေး ဘဝအကြောင်းကို ဦးစားပေးပြီး ဒါရိုက်တာ Luc Besson က ရိုက်ကူးထားတာပါ။ မင်းသမီး မစ်ရဲှယိုကတော့ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ပါတယ်။ ဒီကနေ့စပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ ရောမမြို့ ရုပ်ရှင်ပွဲတော်မှာ The Lady ရုပ်ရှင်ဇာတ်ကားကို ပြသသွားမှာပါ။ မကြာခင်တုန်းကလည်း ကနေဒါနိုင်ငံတိုရွန်တိုမြို့က ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားကို ပြသခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။

XS
SM
MD
LG