ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကတော့ အစိုးရအာဏာပိုင်တွေအနေနဲ့ အပျက်အစီး အနည်းဆုံးဖြစ်နိုင်သမျှဖြစ်အောင် ကြိုးစားနေပေမယ့် သဘာဝဘေးဒဏ်ကို ကြံ့ကြံံ့ခံနိုင်ဖို့ အားလျော့နေတယ်လို့ ကြာသာပတေးနေ့က သတိပေးလိုက်ပါတယ်။
ရေဘေးအန္တရာယ်ကို သတိပေးနေတဲ့ဝန်ကြီးချုပ် မျက်ရည်ဝဲနေတာကိုလည်း တွေ့ရပါတယ်။ ရေလွှမ်းနေတဲ့ဒေသ ၂ ခုက ဒေသခံတွေကို သူတို့ရဲ့နေအိမ်တွေကနေ စွန့်ခွာပြီး ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ သွားခိုကြဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ ဘန်ကောက်မြို့ပြင် ထွက်တဲ့ လမ်းမတွေမှာလည်း ကုန်းမြင့်ရာအရပ်တွေကို သွားရောက်ဖို့ ကြိုးစားကြတဲ့ ယာဉ်တွေနဲ့ ပိတ်မိနေပါတယ်။
ဘန်ကောက်မှာအခုလို ရေကြီးတာမျိုး သူ နေခဲ့တဲ့ နှစ်ပေါင်း ၅၄ နှစ်အတွင်း အခုလို ရေကြီးတာမျိုး တခါမှ မကြုံဖူးဘူးလို့ ဘန်ကောက်မြို့ခံတဦးက ပြောပါတယ်။