သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု ထိမ်းချုပ်နိုင်ဖို့


၂၀၁၀ မှာ မိုးကြီးရေလျှံမှုကြောင့်မြေပြိုပြီး တရုတ်နိုင်ငံမှာ လူပေါင်းထောင်ချီပြီး သေဆုံးခဲ့ရသလို ပါကစ္စတန်မှာလည်း မုတ်သုန်မိုးဒဏ်ကို ပြည်သူသန်းနဲ့ချီပြီး ခံခဲ့ကြရပါတယ်။

ရုရှားနိုင်ငံမှာတော့ အပူရှိန်ပြင်းတာမို့ တောမီးတွေလောင်ကျွမ်းပြီး ကရင်မလင်နန်းတော်ကအစ မြို့တော် မော်စကို တခွင်လုံး မီးခိုးလုံးတွေ လွှမ်းခြုံနေခဲ့ပါတယ်။ မော်စကိုဝန်းကျင်က သစ်ဆွေးနွံတောတွေမှာ ဟိုတစ ဒီတစ လောင်ကျွမ်းတဲ့ တောမီးတွေကို ငြှိမ်းမနိုင်ဖြစ်ခဲ့ရတာမို့ ပတ်ဝန်းကျင်လေထုပါ အဆိပ်သင့်ပြီး မော်စကိုမြို့တော်ရဲ့ ပျမ်းမျှ လူသေနှုန်းဟာ နှစ်ဆတိုးလာခဲ့ပါတယ်။

အမေရိကန် သိပ္ပံပညာရှင်တွေကလည်း ၂၀၁၀ ဇူလိုင်လဟာ ၁၈၈၀ နှစ်တွေတုန်းကလိုပဲ ကမ္ဘာတဝှမ်း အပူဆုံးလ အဖြစ်စံချိန်တင်ခဲ့တယ် လို့ပြောပါတယ်။

ဒီလိုထူးထူးခြားခြား ရာသီဥတုဖေါက်ပြန်မှုတွေ ဖြစ်လာတာဟာ သြဂုတ်လဆန်းပိုင်းမှာ မြောက်ဝင်ရိုးစွန်း ဂရင်းလန်ဒေသက ရေခဲတွေ အရည်ပျော်ခဲ့တာကြောင့်လို့် တွက်ဆကြပါတယ်။ Greenland ဂရင်းလန်မှာ စတုရန်းမိုင် တရာကျော်ကျယ်ဝန်းတဲ့ Petermann ပီတာမန် ရေခဲပြင် ကွဲထွက်ပြီး အတ္တလန်တိတ်မြောက်ပိုင်းကို တရွေ့ရွေ့မျောနေပါတယ်။ ဒါဟာ ဒီရေခဲပြင်ဒေသမှာ နှစ်ပေါင်း ၅၀ လောက်အတွင်း အကြီးမားဆုံးရေခဲစိုင်ကြီး ကွဲထွက်ခဲ့တာဖြစ်ပါတယ်။

အခုလက်တွေ့ခံစားနေရတဲ့ ရာသီဥတုဖောက်ပြန်မှုအပြင် နောင်မှာ ဘယ်အတိုင်းအတာထိ ဆိုးဝါးနိုင်တယ်ဆိုတာကို သိရဖို့ ဂရင်းလန် ကျွန်းမှာ အမေရိကန်ဦးဆောင်တဲ့ သိပ္ပံပညာရှင်တစုဟာ North Greenland Eemian Ice Drilling Project အတိုကောက်အနေနဲ့ NEEM လို့ခေါ်တဲ့ စီမံကိန်းနဲ့ သုတေသန လုပ်နေကြပါတယ်။

XS
SM
MD
LG