မြန်မာနိုင်ငံမှာ ဆည်ပေါင်း ၁၅၀ထက်မနဲတည်ရှိပြီး ဒီဆည်တွေတည်ဆောက်ရကျိုးနပ်စေဖို့အတွက် ဆည်တွေကို ရေဖြည့်ပေးနိုင်တဲ့ (Watershed) ရေဝေကုန်းတန်းတွေ၊ (Catchment area) ရေဖမ်းနယ် ဒါမှမဟုတ် မိုးရေခံရပ်ဝန်းတွေကို ထိမ်းသိမ်းပေးနိုင်မယ့် သစ်တောတွေရှိဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ပညာရှငိ ဦးအုန်းကပြောပါတယ်။
ပဲခူးရိုးမအရှေ့ခြမ်းမှာရော အနောက်ခြမ်းမှာပါ ဆည်တွေ မရေမတွက်နိုင်အောင်ရှိနေပေမယ့် ဒီဆည်တွေကို ရေဖြည့်ပေးဖို့ မြစ်ချောင်း အင်းအိုင်တွေကို စီးဝင်မယ့် မိုးရွာချတဲ့ အရပ် မိုးရေခံရပ်ဝန်းမှာ သစ်တောတွေပြုန်းတီးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။
မိုးရေခံရပ်ဝန်းမှာ သစ်တောမရှိတဲ့ မထိမ်းသိမ်းနိုင်တဲ့ နေရာမျိုးမှာ ဆည်တည်ဆောက်မိရင် ပြဿနာတွေနဲ့ ကြုံတွေ့ရဖို့ ရှိကြောင်း ကြက်မောက်တောင်ဆည်ကို ဥပမာပေးပြောခဲ့ပါတယ်။
ဆည်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုပြီး ဂုဏ်ယူဖို့ ကျိုးစားတာထက် ဆည်တခုကို မတည်ဆောက်ခင်ကတဲက တည်ဆောက်တော့မယ့် ဆည်အတွက် တာရှည်အသုံးတည့်ဖို့ ကြိုတင်တွက်ချက် နိုင်ရေးဟာ အရေးပါပါတယ်။ ဆည်တခုတည်ဆောက်ဖို့ အတွက် သစ်တောဟာ အရေးပါသလို စိုက်ပျိုးမွေးမြူရေးဌာနတို့ သစ်တောဌာနတို့လို ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဥာဏ်တွေ လိုအပ်တယ် ဆိုတာတွေနဲ့ပတ်သက်ပြီး ဆရာဦးအုန်းကို မေးမြန်းတင်ပြထားပါတယ်။