သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကာအကွယ်ပေးရမယ့် သန္တာကျောက်တန်း


အကာအကွယ်ပေးရမယ့် သန္တာကျောက်တန်း
အကာအကွယ်ပေးရမယ့် သန္တာကျောက်တန်း

သန္တာကျောက်တန်းတွေကို သန္တာကောင်လေးတွေနဲ့ တည်ဆောက်ထားတာပါ။ သေးငယ်တဲ့ ဒီအကောင်လေး တွေကစစ်ထုတ်တဲ့ calcium carbonate လို့ခေါ်တဲ့ ထုံးဓါတ်နဲ့တည်ဆောက်ထားတဲ့ ဒီသန္တာ ကျောက်တန်း လေးတွေဟာ အရောင်မျိုးစုံ အသွင်သဏ္ဌာန် ပုံစံမျိုးစုံရှိတဲ့ သန္တာကောင်လေးတွေကြောင့် ရေအောက်ကမ္ဘာကို ထူးထူးခြားခြား လှပစေပါတယ်။

သူတို့ဟာ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာပြင်တွေမှာ ၁ရာခိုင်နှုံးလောက်ပဲ နေရာယူထားပေမယ့် သူတို့ကို မှီခိုနေရသူ တွေက အမျုားအပြားရှိပါတယ်။ ပင်လယ်ပျော်ငှက်တွေ၊ ငါးတွေ၊ တီကောင်နဲ့ ဂဏန်းပုဇွန်တွေက အစ ပင်လယ်ခူတို့ ပင်လယ်လိပ်တို့အပြင် ပင်လယ်မြွေတွေလည်း မှီခိုနေကြရတာပါ။ ဒီအထဲမှာ နို့်တိုက်သတ္တဝါတမျိုး ဖြစ်တဲ့ လပိုင်တွေလည်း ပါပါတယ်။

သစ်ပင်က သစ်ရစ်တွေဟာ သဘာဝပတ်ဝန်းကျင်ရဲ့ အနေထားကို ပြောပြနိုင်သလို သန္တာကျောက်တန်းတွေ ကလည်း ပင်လယ်ပြင်ရဲ့ အပူအအေးပြောင်းလဲမှု ဓါတုသဘာဝပြောင်းလဲမှုတွေနဲ့ ပင်လယ်ပြင်အတိမ်အနက်ကို ထုတ်ဖေါ်ပြောပြနိုင်တာမို့ သန္တာကောင်လေးတွေကို စံညွှန်းအဖြစ်ထားရတဲ့ သတ္တဝါလို့ ခေါ်ကြပါတယ်။

ကြီးမားလှပမှုကြောင့် နံမယ်ကျော်တဲ့ သြစတေးလျှနိုင်ငံက ကြီးမားတဲ့ Great Barrier Reef သန္တာကျောက်တန်း ကိုထိမ်းသိမ်းနို်င်ဖို့ သြစတေးလျှသိပ္ပံပညာရှင်တွေ ကျိုးစားနေသလို ရေထုညစ်ညမ်းမှုကြောင့် အခြေနေဆိုးနေတဲ့ အရှေ့တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာထဲက သန္တာကျောက်တန်းတွေအတွက် ဝိုင်းဝန်းထိမ်းသိမ်းပေးကြဖို့ ဆော်သြနေတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ပင်လယ်ရေပြင် ပူနွေးမှုနှုံး မြင့်တက်လာ တာကိုတော့ မကာကွယ်နိုင်ကြပါဘူး။

စံညွှန်းအဖြစ် သတ်မှတ်ထားတဲ့ နဝရတ် ကိုးပါးထဲမှာ ထည့်သွင်းပြီး အင်္ဂါဂြိုဟ်ကို ကိုယ်စားပြုတဲ့ သန္တာကျောက်မျက် အဖြစ်သုံးကြတဲ့ သန္တာတွေနဲ့ ဖွဲ့စည်းထားတဲ့ သန္တာကျောက်တန်းတွေဟာ အခုအခါမှာ သဘာ၀ ပတ်ဝန်းကျင် မသန့်ရှင်းမှုတွေ ငါးအလွန်အကျွံဖမ်းမှုတွေ ကမ်းတွေဆီရောက်အောင် သန္တာကျောက်တန်းကို ဖြတ်ဖေါက်မှုတွေကြောင့် ဆုံးရှုံးရမယ့် အန္တရယ်တွေ ကြုံတွေ့နေကြရပါတယ်။

အခုအခါမှာ ကမ္ဘာ့သန္တာကျောက်တန်းအားလုံးရဲ့ ၁၀%လောက်လျှော့ပါး နေတာမို့ ထိမ်းသိမ်းနိုင်ဖို့ ကျိုးစားနေကြပါတယ်။

XS
SM
MD
LG