သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်မပြန့်ရေး ထိန်းထားဖို့ လစ်ဗျားကို ကုလတိုက်တွန်း


လစ်ဗျားယာယီအစိုးရသစ် ၀န်ကြီးချုပ် Abdel-Rahim el-Keeb (ယာ)

လစ်ဗျားနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှု လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ ယာယီအစိုးရအဖွဲ့က ၀န်ကြီးချုပ်အသစ် ရွေးချယ်လိုက်ချိန်မှာ အရှေ့အလယ်ပိုင်းဒေသထဲမှာ စစ်လက်နက်တွေ ပျံ့နှံ့နေတာမျိုး မဖြစ်အောင်ကာကွယ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လစ်ဗျားနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

လက်နက်ကြီးအန္တရာယ်နဲ့ ဒေသတွင်းက စစ်သွေးကြွတွေလက်ထဲ လက်နက်တွေ မပျံ့နှံ့စေဖို့ တနင်္လာနေ့က ရုရှားက ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီက တညီတညွတ်တည်း ထောက်ခံလိုက်ပါတယ်။ ဒေသထဲမှာ စစ်လက်နက်ပြန့်ပွားနေခြင်းအားဖြင့် ဒေသတွင်းမတည်ငြိမ်မှုတွေ ဖြစ်စေနိုင်ပြီးတော့ အာဖရိကအနောက်မြောက်ပိုင်း အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့နိုင်ငံတွေက အယ်လ်ကိုင်းဒါးတွေရဲ့လက်ထဲကို လက်နက်တွေ ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတိပေးလိုက်ပါတယ်။

လောလောဆယ် လစ်ဗျားနိုင်ငံ၊ ကြားဖြတ်အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးချုပ်အဖြစ် Abdel-Rahim el-Keeb ကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ထားပါတယ်။ el-Keeb ဟာ NTC အဖွဲ့ဝင်တွေရဲ့ ၅၁ ဦးထဲက ၂၆ မဲရပြီးတော့ ၀န်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရပါတယ်။ သူဟာ အမေရိကန်မှာ ပညာသင်ခဲ့တဲ့ လျှပ်စစ်အင်ဂျင်နီယာဖြစ်ပြီးတော့ ရွေးကောက်ပွဲကျင်းပဖို့နဲ့ အစိုးရသစ်ဖွဲ့ဖို့ တာဝန်ယူမယ့်သူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG