သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရားတဲ့စီရင်မှု ရှမ်းနိုင်ငံရေးအကျဉ်းသားမိသားစုများ တိုင်ကြား


မတရားတဲ့စီရင်မှု ရှမ်းနိုင်ငံရေးအကျဉ်းသားမိသားစုများ တိုင်ကြား
မတရားတဲ့စီရင်မှု ရှမ်းနိုင်ငံရေးအကျဉ်းသားမိသားစုများ တိုင်ကြား

လက်ရှိဖမ်းဆီးခံနေကြရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် SNLD ပါတီဝင်တွေနဲ့ တခြား ဆက်စပ်ပတ်သက်သူ စုစုပေါင်း ၈ ဦးတို့ရဲ့ အမှုတွေကို ဥပဒေကြောင်းအရ ပြန်လည် သုံးသပ်စိစစ်မှုတွေ လုပ်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကောင်စီကို မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်တို့နဲ့အတူ ဦးဆေထင်၊ ဦးမြင့်သန်း၊ ဦးညီညီမိုး၊ ဦးစိုင်းမျိုးဝင်းထွန်း၊ ဦးထွန်းညိုနဲ့ ဦးစိုင်းလှအောင် တို့ဟာ တရားမျှတခြင်းမရှိတဲ့ စစ်ဆေးစီရင် ဆုံးဖြတ်ချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အတွက် သူတို့ရဲ့အမှုတွေကို ပြန်လည် သုံးသပ်စစ်ဆေးပြီး အမြန်ဆုံး လွတ်မြောက်ရေးအတွက် မိသားစုတွေက လက်မှတ်ရေးထိုးပြီး တိုင်ကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အခု ဒီတိုင်ကြားစာကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကိုပေးပို့ခဲ့သလို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားထံကို လည်း မိတ္တူရေးပို့ခဲ့ကြတာပါ။ ဦးခွန်ထွန်းဦးနဲ့အဖွဲ့ဟာ မြန်မာအစိုးရကျင်းပနေတဲ့ အမျိုးသားညီလာခံကို ပြန်လည်တက်ရောက်ဖို့ ၂၀၀၄ ခုနှစ်က ငြင်းပယ်ခဲ့ပြီးတဲ့နောက်ပိုင်း ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး နှစ်ရှည် ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG