သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံတွေကိုဖိနှိပ်မှု ဆီးရီးယားအစိုးရ လျှော့မည်


အတိုက်အခံတွေကိုဖိနှိပ်မှု ဆီးရီးယားအစိုးရ လျှော့မည်

Syria နိုင်ငံမှာ အစိုးရနဲ့ သဘောထားကွဲလွဲနေသူတွေကို ၈ လကြာအောင် နှိမ်နင်းမှုတွေပြုလုပ်နေတာတွေ လျှော့ချဖို့ အစီအစဉ်တရပ်ကို
အစိုးရက အတည်ပြုလိုက်ပြီလို့ အာရပ်အဖွဲ့ချုပ်က ပြောပါတယ်။ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အာရပ် အဖွဲ့ချုပ်ရဲ့
အစည်းဝေးအတွင်းမှာ သူတို့ရဲ့ အဆိုပြုချက်ကို သဘောတူလိုက်တာပါ။

Syria တပ်တွေကို လမ်းတွေပေါ်ကနေ ပြန်ရုပ်သိမ်းဖို့၊ ဆန္ဒပြသူတွေကို အစိုးရတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းနေတာတွေ ရပ်တံ့ပစ်ဖို့လည်း သူတို့က
တောင်းဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ အတိုက်အခံတွေနဲ့ ကိုင်ရိုမြို့မှာ သီတင်း၂ ပတ်အတွင်း စတင်ဆွေးနွေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

Syria အစိုးရဟာ နိုင်ငံတကာ သတင်းအဖွဲ့အစည်းတွေနဲ့ အာရပ်အဖွဲ့ချုပ် ကိုယ်စားလှယ်တွေကို နိုင်ငံထဲ ဝင်ရောက်ခွင့်ပေးမယ်လို့ အာရပ်အဖွဲ့ချုပ်၊ Qatar နိုင်ငံကိုယ်စားလှယ်က ပြောပါတယ်။ Syria အာဏာပိုင်တွေနဲ့ အာရပ် အဖွဲ့ချုပ် ဝန်ကြီးအဖွဲ့ ကော်မတီဟာ နောက်ဆုံးသဘောတူညီချက်ရေးဆွဲနိုင်ခဲ့တယ်လို့ Syria အစိုးရသတင်းဌာနက အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Syria နိုင်ငံမှာတော့ ဗုဒ္ဓဟူးနေ့က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနေပြီး လူ ၃၁ ဦး မက သေဆုံးခဲ့ရပါတယ်။ Homs ပြည်နယ်က Kfar
Laha ရွာမှာ သေနတ်သမားတွေက စက်ရုံလုပ်သား (၁၁)ဦးကို သတ်ပစ်ခဲ့တယ်လို့ Syria တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ Homs မြို့ထဲနဲ့ မြို့တဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ အရပ်သား ၅ ဦး သေဆုံးသွားတယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG