အခုတပတ် အနုပညာမိုးကောင်းကင်မှာ တော့ မြန်မာပြည်မှာ အနုပညာလွတ်လပ် ခွင့်တွေ ဘယ်လောက် ရှိနေသလဲဆိုတာကို နားဆင်ရမှာပါ။ အရင်စစ်အစိုးရရဲ့ခေါင်း ဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို အာဏာရူး တဲ့သူလို့ အဓိပ္ပါယ်ရတဲ့ ကဗျာကို ဖန်တီးခဲ့ လို့ ထောင်၂နှစ် အချခံခဲ့ရသူ ကဗျာဆရာ စောဝေက ဒီကနေ့ မြန်မာပြည်ရဲ့ အနု ပညာလွတ်လပ်ခွင့်ဆိုတာဟာ အာဏာ ပိုင်တွေအကြိုက် လွတ်လပ်ခွင့်ကို ပြောနေ တာလို့ ဆိုပါတယ်။ လွတ်လပ်မှုတချို့ ရှိလာတယ်ဆိုပေမဲ့ အသက်ရှူချောင် လောက်အောင် မလွတ်လပ်သေးပါဘူးတဲ့။ ကိုကျော်အောင်လွင်က ကဗျာဆရာစောဝေကို ဆက်သွယ်မေးမြန်းထားပါတယ်။