သုံးရလွယ်ကူစေသည့် Link များ

G 20


G 20
G 20

ကမ္ဘာ့စီးပွားရေးပြဿနာတွေကို ဆွေးနွေးတိုင်ပင်ကြဖို့ G 20 စက်မှုဖွံ့ဖြိုးတက်တဲ့နိုင်ငံ ၂၀ က ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံ၊ ကိန်းမြို့(Canne) ကို ရောက်နေကြပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲအတွင်း ဥရောပက ကြွေးမြီပြဿနာတွေနဲ့ ဂရိနိုင်ငံကို ငွေကြေးထောက်ပံ့ရေးကိစ္စတွေက ဦးစားပေးအကြောင်းအရာတွေအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

ဥရောပက ထိပ်တန်း စီးပွားရေးနိုင်ငံ ၂ ခုက ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဂျာမန်ဝန်ကြီးချုပ် အင်ဂလာမာကဲလ်၊ ပြင်သစ်သမ္မတ နီကိုလပ်၊ဆာကိုဇီတို့နဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။

ငွေကြေးပဋိပက္ခပြေလည်ရေးအတွက် ဥရောပအနေနဲ့ အရေးပါတဲ့ ခြေလှမ်းတွေကို လှမ်းနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရရှိခဲ့တဲ့ အရေးပါတဲ့ အသေးစိတ် အချက်အလက်တွေကို ခိုင်မာလာအောင် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲအတွင်း မနှစ်က ဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာတွေကို ဆက်ပြီး ဆွေးနွေးကြမှာဖြစ်တဲ့အပြင် အလုပ်လက်မဲ့ များနေတဲ့ တိုင်းပြည်တွေမှာ အလုပ်အကိုင်ပြန်လည်ရရှိရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေး ကြမယ် လို့ ဆိုပါတယ်။ ဂရိနိုင်ငံ အကြွေးပြန်ဆပ်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ကြဖို့ ဥရောပခေါင်းဆောင်တွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ရရှိခဲ့ကြတဲ့ သဘောတူညီချက်ပါ အကြောင်းအရာတွေကို လိုက်နာခြင်းမရှိရင် ဂရိနိုင်ငံအနေနဲ့ EU နဲ့ IMF တို့ထံကနေ နောက်ထပ် ငွေတပြားမှ ရမှာ မဟုတ်ဘူးလို့ G 20 ထိပ်သီး ဆွေးနွေးပွဲမစခင် ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အရေးပေါ်အစည်းအဝေးအတွင်း ပြင်သစ်သမ္မတ နီကိုလပ်၊ဆာကိုဇီနဲ့ ဂျာမန်ဝန်ကြီးချုပ် အင်ဂလာမာကဲလ်တို့က ပြောပါတယ်။

XS
SM
MD
LG