သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Thaksin လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ထိုင်းအစိုးရဆွေးနွေး


Thaksin လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ထိုင်းအစိုးရဆွေးနွေး
Thaksin လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ထိုင်းအစိုးရဆွေးနွေး

ထိုင်းနိုင်ငံမှာ ပြည်ပြေးဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် နေရပ်ထိုင်းကို ပြန်လာနိုင်ရေး လမ်းပွင့်သွားစေမယ့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့ကိစ္စကို ထိုင်းအစိုးရပိုင်း အတွင်းမှာ ဆွေးနွေးနေပြီလို့ သိရပါတယ်။ မစ္စတာ သက်ဆင်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ အဂတိလိုက်စားမှုစွဲချက်တွေကို ရှောင်ရင်း တိုင်းပြည်ကနေ ထွက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့အင်္ဂါနေ့ အစည်းအဝေးအတွင်းမှာ အခုလို လွတ်ငြိမ်းခွင့်အမိန့်ကို အစိုးရအဖွဲ့မှာ အတည်ပြုလိုက်ပြီလို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။ ဒီ အမိန့်ဆုံးဖြတ်ချက်မှာတော့ ထောင်ထဲမှာ ၃ နှစ်အောက် ပြစ်ဒဏ်ချခံထားရသူ အသက် ၆၀ ကျော်အရွယ်အားလုံးကို လွတ်ငြိမ်းခွင့်ပေးဖို့ဆိုတာ ပါဝင်တယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် Chalem Yubamrung ကတော့ ဒီသတင်းကို အတည်မပြုပါဘူး။ ဒါပေမယ့်လို့ ဒီကိစ္စကို နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောပါတယ်။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုတော့ ထိုင်းဘုရင် ဘူမီဘောက အတည်ပြုပေးဖို့ လိုအပ်ပါတယ်။

မစ္စတာသက်ဆင်ဟာ လက်ရှိဝန်ကြီးချုပ်ယင်းလတ်ရှင်နာဝပ်ရဲ့ အကိုတော်စပ်ပြီး ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပွဲမှာ ရာထူးကနေ ဖယ်ရှားခံရတာဖြစ်ပါတယ်။

အဲဒီကနေ နောက်ပိုင်းတော့ ထိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်ဖြစ်လာခဲ့တာပါ။ ဒီနောက် သူ့ကို အဂတိလိုက်စားမှုစွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး သူဟာ ၂၀၀၈ ခုနှစ်မှာ အဲဒီထောင်ဒဏ်ကို အကျမခဘဲ နိုင်ငံကနေ ရှောင်ပြေးသွားခဲ့တာပါ။

XS
SM
MD
LG