အခုတပတ် အနုပညာမိုးကောင်းကင်မှာ အာဏာပိုင်တွေရဲ့ ဆင်ဆာဖြတ်တောက်မှုတွေ မပါတဲ့ ရုပ်ရှင်အနုပညာပြပွဲ၊ ပြိုင်ပွဲ အကြောင်းကို နားဆင်ရမှာပါ။ နိုင်ငံရေးအကျဉ်းသားဟောင်း လူရွှင်တော်ဇာဂနာ ဦးဆောင်ပြီးလှုပ်ရှားနေတဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖြစ်လာအောင် ဘယ်လို စတင်ခဲ့သလဲ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကရော ဒီပွဲတော်မှာ ဘယ်လို ပတ်သက်သလဲဆိုတာကို သိနိုင်အောင် ရုပ်ရှင်ဒါရိုက်တာမောင်သူရလို့ခေါ်တဲ့ လူရွှင်တော်ဇာဂနာကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်ခြင်းအနုပညာရုပ်ရှင်
