သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိုဖရေဇီယာ ကွယ်လွန်

ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိုဖရေဇီယာ ကွယ်လွန်
ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိုဖရေဇီယာ ကွယ်လွန်

ကမ္ဘာ့ Heavy weight လက်ဝှေ့ချန်ပီယံ Joe Frazier ဟာ အသက် ၆၇ နှစ်အရွယ်မှာ အသည်း ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ သူ့ရဲ့ အသည်းကင်ဆာရောဂါ အခြေအနေ တော်တော် ဆိုးနေပြီဆိုတာကို ပြီးခဲ့တဲ့လကမှ စစ်ဆေးသိခဲ့တာဖြစ်ပါတယ်။

Joe Frazier ဟာ နောက်ထပ် လက်ဝှေ့ အကျော်အမော် Muhammad Ali နဲ့ ၁၉၇၀ ပြည့်လွန်နှစ် တွေတုန်းက ယှဉ်ပြိုင်ထိုးကြိတ်ခဲ့တဲ့ ပွဲတွေအတွက် လူသိများခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ သူက Muhammad Ali ကို အလဲထိုးနိုင်ခဲ့တဲ့အတွက် ပထမဆုံး Muhammad Ali ကို အနိုင်ထိုးနိုင်ခဲ့သူ အဖြစ် Joe Frazier ဟာ လက်ဝှေ့သမိုင်းမှာ မှတ်တမ်းတင်စရာဖြစ်ခဲ့ပါတယ်။ ဒီပွဲကို ရာစုနှစ်ရဲ့ ပွဲကြီး ပွဲကောင်းတခုလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

၁၉၇၅ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှာလုပ်ခဲ့တဲ့ Thrilla in Manila ဆိုတဲ့ နာမည်ကြီးပွဲအပါအဝင် မိုဟာမက်အလီနဲ့ ထိုးခဲ့တဲ့ ၂ ပွဲမှာတော့ Frazier ရှုံးနိမ့်ခဲ့ပါတယ်။ Joe Frazier ဟာ ၁၉၆၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုအတွက် အိုလံပစ် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးခဲ့ပြီးနောက်မှာ ကြေးစား လက်ဝှေ့သမား ဖြစ်လာခဲ့တာပါ။

Joe Frazier ဟာ ၁၉၇၆ ခုနှစ်မှာ လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။ သူအနားယူချိန်မှာ ပွဲပေါင်း ၃၂ ပွဲနိုင်၊ ၄ ပွဲရှုံးနဲ့ ၁ ပွဲသရေ ထိုးကြိတ်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG